ပြည်တွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသော Internet service provider (ISP) ကုမ္ပဏီ
များအနက်တစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီလီမိတတ်သည် ပိုမိုကောင်း
မွန်သည့် Fixed Broadband ဝန်ဆောင်မှုနှင့် မျိုးဆက်သစ်ကွန်ရက် ဝန်ဆောင်မှုများပေး
နိုင်ရန် ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးကဏ္ဍအတွက် ဝန်ဆောင်မှုပေးနေသော အမေရိကန်
အခြေစိုက် ALEPO ကုမ္ပဏီကို မိတ်ဖက်ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ကြောင်း မေ ၁၁ တွင်
သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ALEPO သည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံကဏ္ဍ (AAA infrastru-cture)၊
ပေါ်လစီ (Policy)၊ အခကြေးငွေ သတ်မှတ်ကောက်ခံခြင်းနှင့် Fixed and Wireless broadband
ကွန်ရက်များကို ထောက်ပံ့ပေးမည့်အပြင် မျိုးဆက်သစ် (Next Generation) ကွန်ရက်များကို
လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
အဆိုပါ ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းတွင် အခြေခံအဆောက်အအုံကဏ္ဍ၊ Operational
support Systems (OSS),Business support systems (BSS), Broadband ဝန်ဆောင်မှု
နှင့် မျိုးဆက်သစ်ကွန်ရက်ဝန်ဆောင်များပေးရာတွင် ဦးဆောင်နေသော ကုမ္ပဏီဖြစ်သည့်
အပြင် မိုဘိုင်းဖုန်းအတွင်းရှိ ဒေတာများကို ကူညီထိန်းသိမ်းပေးနိုင်သည့် My Mobile
အက်ပလီကေးရှင်းဖြင့်လည်း ဆုရရှိထားသည်။ လက်ရှိတွင် ALEPO သည် အမေရိကန်
နိုင်ငံတွင်ရုံးချုပ်ထားရှိပြီး ကိုလံဘီယာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားသည်။
















