စူပါဟီးရိုးပရိသတ်တွေအတွက် အသစ်ထွက်လာတဲ့ Injustice 2 မိုဘိုင်းဂိမ်း

စူပါဟီးရိုးပရိသတ်တွေအတွက် အသစ်ထွက်လာတဲ့ Injustice 2 မိုဘိုင်းဂိမ်း

 

Free to Play
အမျိုးအစား - 3-on-3 Versus Action, RPG, Online Multiplayer
ထုတ်လုပ်သူ - Warner Bros.
ပလက်ဖောင်း - Android, iOS

၂ဝ၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ပေါက်ဂိမ်း "Injustice : Gods Among Us" ရဲ့နောက်ဆက်တွဲ
ဂိမ်းဖြစ်ပါတယ်။ မူရင်းဂိမ်းလိုပဲ ဆိုနီပလေးစတေရှင်စတဲ့ ကွန်ဆိုးဂိမ်းစက်တွေပေါ်မှာပါ
ထွက်ရှိပြီး မိုဘိုင်းပလက်ဖောင်းပေါ်မှာလည်း အသေးစားဗားရှင်းကို လွှင့်တင်ပေးခဲ့တာပါ။

DC Comics ရဲ့စူပါဟီးရိုးစကြာဝဠာကိုအခြေခံထားတဲ့ Injustice : Gods Among Us ဟာ
စတင်ထွက်ရှိတဲ့အချိန်ကစလို့ ဂိမ်မာတွေရော၊ စူပါဟီးရိုးရုပ်ပြပရိသတ်တွေကြားမှာပါ
ကြီးမားတဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒီဂိမ်းကို အခြေခံကာထွက်ရှိခဲ့တဲ့ Injustice 
ကောမစ်ဟာ ကမ္ဘာပေါ်က စစ်ပွဲအားလုံးကိုရပ်တန့်လိုက်ပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်
လိုတဲ့ Superman  နဲ့ သူ့ကိုဆန့်ကျင်တဲ့ Batman တို့ရဲ့ပြိုင်ဆိုင်မှုကို စိတ်ဝင်စားစရာ
ဖန်တီးထားတာပါ။ ဒီစီကောမစ်စကြာဝဠာထဲက လူစွမ်းကောင်းတွေ၊ ဗီလိန်တွေဟာ
နှစ်ဖက်ကွဲသွားခဲ့သလို ဂရိနတ်ဘုရားတွေနဲ့ ပိုပြီးစွမ်းအားကြီးတဲ့သူတွေကပါ ဒီဖြစ်ရပ်ကို
အခြေခံပြီး အင်အားပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာတော့ Injustice 2 ကောမစ်စတင်ထွက်ရှိနေပြီဖြစ်သလို ဂိမ်းအသစ်လည်း
လိုက်ပါလာပါပြီ။ ဒါဟာ ဒီစီကောမစ်အတွက်တော့ ရတနာသိုက်တစ်ခုပါပဲ။ မိုဘိုင်းဂိမ်းဟာ
မူရင်း console ဗားရှင်းလောက် မစုံလင်ပေမဲ့ ဆော့ကစားလို့ကောင်းပြီး အချိန်မရွေး
သွားလေရာမှာ ကစားနိုင်တာကြောင့်လည်း လူကြိုက်များခဲ့ပါတယ်။ ဒါ့ပြင် အပတ်စဉ်
event တွေနဲ့ ဒီစီကောမစ်ထဲက ကာရိုက်တာတွေကို ဂိမ်းထဲ ထည့်သွင်းခဲ့တာက
အောင်မြင်မှုရရှိခဲ့ပါတယ်။

Injustice 2 မှာတော့ Batman ဟာ စွမ်းအားကြီးမားသူတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တဲ့နောက်
အာဏာရှင် Superman ကိုဖမ်းဆီးနိုင်ခဲ့ပါပြီ။ ထို့နောက် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းလုံခြံုမှုကို
ပြန်လည်ရယူဖို့ သူ့ရဲ့ကမ္ဘာပေါ်က မဟာမိတ်တွေနဲ့ ဆက်လက်ကြိုးစားနေရပါတယ်။
ဒီချိန်မှာပဲ သူ့ကိုစိန်ခေါ်မယ့်သူတစ်ဦး ပေါ်ထွက်လာခဲ့သလို၊ Superman ကို ပြန်လည်
ကယ်တင်လွတ်မြောက်စေလိုတဲ့ အဖွဲ့အန္တရာယ်ကလည်း ခြိမ်းခြောက်နေပါတယ်။
တစ်ပြိုင်တည်းမှာပဲ သူတို့နှစ်ဦးရဲ့တိုက်ပွဲအပြီးမှာ မြေစာပင်ဖြစ်ကျန်ခဲ့တဲ့ ကမ္ဘာကိုစိုးမိုးဖို့
The Society (ကောမစ်ထဲက နာမည်ကတော့ Secret Society of Villains) အဖွဲ့ကလည်း
ခြေလှမ်းစလာခဲ့ပါပြီ။

Gods Among Us မဆော့ဖူးသေးတဲ့လူတွေအတွက်တော့ ဒီဂိမ်းဟာ 3 on 3 Versus 
ဖိုက်တင်ဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ မိမိရဲ့ရွေးချယ်နိုင်တဲ့ စူပါဟီးရိုးနဲ့ဗီလိန်တွေထဲက
သုံးကောင်ကိုရွေးချယ်ကာ ဇာတ်လမ်းသွား Story Mode ဖြစ်စေ၊ မာလ်တီပလေယာအွန်
လိုင်းအနေနဲ့ဖြစ်စေ ယှဉ်ပြိုင်တိုက်ခိုက်ရမှာပါ။ ရရှိလာတဲ့ပိုက်ဆံနဲ့ အကောင်သစ်တွေပါတဲ့
package တွေကိုထပ်ဝယ်ရပြီး ရှိပြီးသား ကာရိုက်တာတွေကိုလည်း ပိုသန်မာလာအောင်
upgrade လုပ်ရပါတယ်။ ဒါမှသာ နောက်ပိုင်း stage တွေကို အနိုင်ရမှာပါ။

Injustice 2 မှာ အရင်ကနဲ့မတူတဲ့ control စနစ်ပါဝင်လာပြီး swipe and tap based 
လှုပ်ရှားမှုပဲဖြစ်ပေမဲ့ ကာရိုက်တာတွေက ပိုလွတ်လပ်စွာ ရွေ့လျားနိုင်ပါတယ်။ ငုံ့ပြီးရှောင်
တာ၊ ခုန်ပြီးတိုက်ခိုက်တာတွေပါ လုပ်လာနိုင်ပြီဖြစ်ပါတယ်။ ဒါ့ပြင် upgrade စနစ်အသစ်နဲ့
ွGear စနစ်ကိုပါ ထည့်ပေးထားလို့ သူများထက် မြန်မြန်ရှေ့ရောက်ချင်သူတွေ ပိုက်ဆံ
ကုန်ဖို့သေချာပါတယ်။ free-to-play ဆိုပေမဲ့ in-game purchase နဲ့ gear ကောင်းကောင်း
လိုချင်သူတွေ၊ ကိုယ့်အကြိုက် စူပါဟီးရိုးကို မြန်မြန်လိုချင်သူတွေကို ရောင်းစားဦးမှာမို့လို့ပါ။

Gods among us ထွက်လာပြီးနောက်ပိုင်းမှာ ဒီစီကောမစ်ရဲ့ပြိုင်ဘက် မာဗယ်ကလည်း
Contest of the Champions ဂိမ်းနဲ့ အမျိုးအစားတူထုတ်လုပ်ပြီး ယှဉ်ပြိုင်လာခဲ့တယ်။
ဒါပေမဲ့ အပြင်မှာ ကောမစ်ပါရောင်းကောင်းနေတဲ့ Injustice ရဲ့ ပေါက်အားကို မကျော်နိုင်
ခဲ့ပါဘူး။ အခုတစ်ခါတော့ ဘယ်လိုပြိုင်ဘက်တွေ ထွက်လာဦးမလဲဆိုတာ ကြည့်ရဦးမှာပါ။

နောက်ပြီး ကစားသူတွေအတွက် Energy bar စနစ်ပါဝင်လာပါတယ်။ အရင်က ကာရိုက်
တာတစ်ယောက်ချင်းစီမှာ stamina ရှိပြီး သက်လုံမရှိတဲ့ ကာရိုက်တာကို ချန်ထားကာ
ကျန်တဲ့သူနဲ့ ဆော့လို့ရတဲ့အတွက် အကောင်များများ ဝယ်ထားရင် တစ်နေကုန်ကစားလို့
ရတယ်။ အခုတော့ ကစားသူအတွက် energy bar တစ်ခုပဲ ထားတဲ့အပြင် တစ်ပွဲဆော့ရင်
ကုန်တဲ့ energy  ကလည်း အရင်ထက်များပါတယ်။ ဒါကတော့ Injustice 2 ကို မူလ
ပရိသတ်တွေက အချစ်လျော့သွားနိုင်တဲ့ အချက်ပါပဲ။ တစ်နေကုန်ဆော့ချင်ရင်
console ဝယ်ဆိုတဲ့ အချိုးလည်းဖြစ်ပါတယ်။

သရီးဒီကာရိုက်တာတွေကို ပုံဖော်ပေးသူက အရင် Injustice ဂိမ်းကိုဖန်တီးခဲ့တဲ့
NetherRealm စတူဒီယိုပဲဖြစ်ပြီး သူတို့ဟာ နာမည်ကျော် Mortal Kombat ဂိမ်းစီးရီးရဲ့
ဖန်တီးသူတွေလည်းဖြစ်ပါတယ်။ MK မိုဘိုင်းဂိမ်းကိုလည်း သူတို့ပဲ ဖန်တီးခဲ့တာပါ။
ဒါကြောင့် Mortal Kombat မှ နာမည်ကျော်ဇာတ်ကောင်တွေဖြစ်တဲ့
Sub-zero, Scorpion တို့ဟာလည်း cross-over ပါဝင်လာခဲ့ပါတယ်။

ဒီဂိမ်းဟာ မိုဘိုင်းပေါ်မှာ ရရှိနိုင်တဲ့ ရုပ်ထွက်အကောင်းဆုံး ဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့
အပြင် Versus fighting စတိုင်ဂိမ်းကို RPG လုပ်တဲ့အကြံကိုလည်း သူတို့ပဲ စခဲ့တာပါ။
ကိုယ့်ဖုန်းပေါ်မှာ storage နေရာလွတ်များများရှိရင် ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး
နာမည်ကြီး ဒီစီကောမစ်ရဲ့ ကာရိုက်တာပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရမှာလည်း
ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်