Motion Eye ကင်မရာပါဝင်သည့် Sony Xperia XZs နှင့် XZ Premium စမတ်ဖုန်း

Motion Eye ကင်မရာပါဝင်သည့် Sony Xperia XZs နှင့် XZ Premium စမတ်ဖုန်း

ဂျပန်နိုင်ငံအခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်သည့် ဆိုနီ (Sony) ကုမ္ပဏီ
သည် လှုပ်ရှားနေသော အရာဝတ္ထုများကို ကြည်လင်ပြတ်သာစွာ ရိုက်ကူးနိုင်သည့်အပြင် 
အနှေးဗီဒီယိုရိုက်ကူးနိုင်သည့် Motion Eye ကင်မရာစနစ် ပါဝင်သော Sony Xperia XZs
နှင့် XZ Premium စမတ်ဖုန်းများကို မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ဆူလေးရှန်ဂရီလာ 
ဟိုတယ်တွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ Motion Eye ကင်မရာသည် သာမန်မျက်လုံးဖြင့် မမြင်နိုင်သောလှုပ်ရှားမှုများကို
တိကျပြတ်သားစွာ အသေးစိတ်ဖမ်းယူရိုက်ကူးနိုင်ပြီး စမတ်ဖုန်းတွင် ရုပ်ပုံအထပ်ထပ်
မှတ်သားနိုင်သော ဆင်ဆာ၊ အသေးစိတ်ပုံများနှင့် အချောအကြမ်းပုံစံမျိုးကို တိကျစွာ
ရိုက်ကူးနိုင်သည့် G မှန်ဘီလူးဖြင့် လှုပ်ရှားမှုဖမ်းယူခြင်း တိကျကောင်းမွန်သော
BIONZ နည်းပညာများ ပါဝင်သည်။

ဗီဒီယိုရိုက်ကူးရာတွင် အနှေးဗီဒီယိုများရိုက်ကူးနိုင်သည့် (Slow video) စနစ်ပါဝင်သည့်
အတွက် လှုပ်ရှာပြီးမြန်ဆန်သော အရာဝတ္ထုများကို အနှေးဗီဒီယိုပုံစံဖြင့် ရိုက်ကူးနိုင်ပြီး
Full HD ထက် ကြည်လင်ပြတ်သားမှု လေးဆ ပိုမိုကောင်းမွန်သည့် 4K  ဗီဒီယိုများကို
ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဆိုပါ Xperia XZs ၏ မျက်နှာပြင်သည် ၅ ဒသမ၂ လက်မရှိပြီး XZ Premiumာ
မျက်နှာပြင်မှာ ၅ ဒသမ ၅ လက်မရှိရာ ရှေ့ကင်မရာ ၁၃ မဂ္ဂါပစ်ဇယ်နှင့် အဓိက ကင်မရာ
(နောက်ကင်မရာ) ၁၉ မဂ္ဂါပစ်ဇယ်ဖြစ်သည်။ RAM 4GB နှင့် Internal Memory 64 GB 
ပါဝင်ကာ Memory 256 GB အထိ ထပ်တိုးအသုံးပြုနိုင်ပြီး အန်းဒရွိုက် 7.1 Nougat ဖြစ်
သည်။

ဖိုးဂျီ (4G) ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သော်လည်း Micro SD ကတ်ထည့်
သွင်းအသုံးပြုမည်ဆိုပါကာ ဆင်းကတ်တစ်ကတ်သာ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
Xperia XZs ကို ငွေရောင် (Warm Silver)၊ အမည်းရောင် (Black)  နှင့် အပြာရောင်
(Ice Blue) တို့ဖြင့် ထုတ်လုပ်ထားပြီး XZ Premium ကိုမူ ငွေရောင် (Luminous Chrome) ၊
အမည်းရောင် (Deepsea Black) နှင့် ပန်းရောင် (Bronze Pink) ဟူ၍ ထုတ်လုပ်ထား
သည်။

လက်ရှိပြည်တွင်းစျေးကွက်တွင် Xperia XZs စမတ်ဖုန်းကို ကျပ် ၈၉၉,ဝဝဝ ဖြင့် ဝယ်ယူနိုင်
မည်ဖြစ်ပြီး XZ Premium သည် ဇွန်လအတွင်း စျေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်