အမ်ပီတီ တစ်မိနစ် ကျပ် ၅ဝ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်

အမ်ပီတီ တစ်မိနစ် ကျပ် ၅ဝ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်

မလေးရှားနှင့်ထိုင်းနိုင်ငံသို့ တစ်မိနစ် ကျပ် ၅ဝ ဖြင့် ဖုန်းခေါ်ဆိုနိုင်မည့်အစီအစဉ်သစ်ကို 
အမ်ပီတီက ယခုလ ၉ ရက်တွင် စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

''မလေးရှားနဲ့ထိုင်းနိုင်ငံကို ဆက်သွယ်မှုတွေလုပ်နေတဲ့ သုံးစွဲသူတွေများလာတဲ့အတွက်
တစ်မိနစ် ၅ဝ နဲ့ ခေါ်လို့ရမယ့်အစီအစဉ်ကို လုပ်ပေးလိုက်တာပါ''ဟု MPT-KSGM Joint
Operation ၊ စျေးကွက်ဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်က ပြောသည်။

ယင်းအစီအစဉ်ကိုအသုံးပြုသူများသည် အဆိုပါ နိုင်ငံနှစ်ခုမှ မည်သည့်ဖုန်းနံပါတ်ကိုမဆို
ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စာတို (SMS)  ပေးပို့ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ
အတွက် တစ်မိနစ်လျှင် ခေါ်ဆိုခ ကျပ် ၅ဝ နှင့် စာတို (SMS)  တစ်စောင်ပေးပို့ခ ၁၅ ကျပ်
ကျသင့်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်အရ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆိုရာ
တွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။ အစီအစဉ်သည်
ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်းနှင့်အတူ ကျပ် ၁,ဝ၅ဝ ကျသင့်မည်ဖြစ်ပြီး၊ သုံးစွဲလိုပါက
USSD ကုတ်နံပါတ် *2050# သို့ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT 4U အက်ပလီကေးရှင်း
ကိုအသုံးပြု၍လည်းကောင်း၊ *106# သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း ရယူနိုင်မည်ဖြစ်
သည်။ စတင်ရယူသုံးစွဲသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်ရယူထားခြင်း မရှိသည့် သုံးစွဲသူများသည် မြန်မာနိုင်ငံမှ ထိုင်းနှင့်မလေးရှား
သို့ ဖုန်းခေါ်မည်ဆိုပါက တစ်မိနစ် ကျပ်၂ဝဝ နှင့် စာတိုတစ်စောင်ပေးပို့ခ ကျပ် ၁၅ဝ
ကျသင့်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်