ဖန်တီးရာ အရှိန်အဟုန်မြှင့်မှု (Phandeeyar Accelerator) မှ ဦးဆောင်ကျင်းပသော မြန်မာ
နိုင်ငံ၏အကြီးမားဆုံး Startup ပြိုင်ပွဲကြီးကို မေလ ၂ဝ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ
Phandeeyar Innovation Lab တွင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ထား
သည်။
ပြည်တွင်း၌ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများ ပိုမိုများပြာလာစေရန် ရည်ရွယ်
ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် Fintech (ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ)၊
AgTech (စိုက်ပျိုးရေး နည်းပညာ)၊ IoTွှ (အင်တာနက်ချိတ်ဆက်ပစ္စည်းများ) နှင့်
Tech for All (လူတိုင်းအတွက် နည်းပညာ) စသည့် ကဏ္ဍလေးခုကို ယှဉ်ပြိုင်ကြရမည်ဖြစ်
သည်။
ဝင်ရောက်ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲအတွင်း အခြားသော နည်းပညာနှင့်စီးပွားရေးဆိုင်ရာ
အသိပညာ အတတ်ပညာများကို လေ့လာသင်ယူခွင့် ရရှိမည့်အပြင် သက်ဆိုင်ရာနယ်ပယ်
မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ စီးပွားရေးပညာရှင်များနှင့်တစ်ယောက်
ချင်းတွေ့ဆုံဆွေးနွေးခွင့်၊ မိမိလုပ်ငန်းကို ရှင်းပြခြင်းအား လေ့လာခြင်း (Pitching) များ
ကိုလည်း ထည့်သွင်းထားသည်။
မေ ၂၈ ရက်တွင် မိမိတို့ဆောင်ရွက်ထားသော နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးများ
အကြောင်းကို ပြည်တွင်း ပြည်ပ ပညာရှင်များရှေ့တွင် နောက်ဆုံးတင်ဆက်ခြင်းတို့ ပြုလုပ်
ရမည်ဖြစ်ပြီး ပညာရှင်များက အနိုင်ရအသင်းကို ရွေးချယ်ပေးမည်ဖြစ်သည်။
အနိုင်ရရှိသည့်အသင်းများသည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅,ဝဝဝ ကျော်နှင့်
နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် အထောက်အကူများဖြစ်သည့်
Phandeeyar Accelerator ၏ Pre-Accelerator အစီအစဉ်ကို ဝင်ရောက်ခွင့်၊ ထိရောက်
သောလမ်းညွှန်ပြသမှု၊ Phan-deeyar ၏ Mentor ကွန်ရက် ချိတ်ဆက်နိုင်မှုနှင့်အတူ
ရုံးခန်းနေရာ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။
















