နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဒီဇင်ဘာလအတွင်းကျင်းပမည့် တယ်လီနောလူငယ်ဖိုရမ်
၂ဝ၁၇ (TYU 2017) သို့တက်ရောက်ရန် မြန်မာလူငယ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်
ကြောင်း တယ်လီနောမြန်မာက ယခုလ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖိုရမ်သည် တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေစင်တာ (NPC) တို့မှ
ပူးပေါင်းကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပြီး လျှောက်ထားလိုသော
လူငယ်များသည် အသက် ၂ဝ မှ ၂၈ ကြားရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်စွာ
တတ်ကျွမ်းသူ၊ မြန်မာနိုင်ငံသား၊ တက္ကသိုလ်တက်ရောက်ဆဲ (သို့) အဆင့်မြင်ပညာရေး
ပြီးဆုံးအောင်မြင်ပြီးသူ၊ မိမိနေထိုင်ရာ လူမှုအဖွဲ့အစည်းအတွင်း လူမှုရေး၊ စီးပွားရေး
(သို့မဟုတ်) ပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများပြုလုပ်ရန် လိုလားသူဖြစ်ရမည့်အပြင်
ကြီးမာသည့် အကြံဉာဏ်ရှိသူဖြစ်ပြီး ပြောင်းလဲမှုများ လုပ်ဆောင်ရန်ဆန္ဒရှိသူ စသည့်
အရည်အချင်းများနှင့် ပြည့်စုံသောသူများလျှောက်ထားနိုုင်သည်ဟု ဆိုသည်။
စိတ်ပါဝင်စားသူများလျှောက်ထားလိုပါက www.telenor.com/yourthforum သို့
ဝင်ရောက်ကာ လျှောက်ထားနိုင်သည်။
ပြီးခဲ့သည့်သုံးနှစ်တာအတွင်း တယ်လီနောလူငယ်ဖိုရမ်တွင် မြန်မာလူငယ်ခြောက်ဦး
တက်ရာက်ခဲ့ပြီးဖြစ်သည်။

















