ဆိုရှယ်နက်ဝပ်ခ်ထဲမှာ instant article ဖန်တီးကြမယ်

ဆိုရှယ်နက်ဝပ်ခ်ထဲမှာ instant article ဖန်တီးကြမယ်

အင်တာနက်အသုံးပြုသူတွေအနေနဲ့ facebook ထဲမှာတင်ထားတဲ့ သတင်းလင့်တွေကို 
ဝင်ရောက်တဲ့အခါ ကြာမြင့်လှတဲ့ loading အချိန်နဲ့ ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ဒီအခါမှာ 
စိတ်မရှည်သူတွေက ကိုယ်တင်ထားတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မဖတ်ရသေးခင်
ပြန်ထွက်သွားတာမျိုးကို ရင်ဆိုင်ရမှာဖြစ်သလို၊ သုံးစွဲသူတွေဘက်ကလည်း ဆိုရှယ်
နက်ဝပ်ခ် data package အပြင်က ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ရလို့ ဖုန်းဘေပိုကုန်
တာမျိုးတွေ ဖြစ်လာမှာပါ။

ဒါကို facebook က အဆင်ပြေအောင် ဖြေရှင်းပေးထားတဲ့ အဖြေတစ်ခုကတော့
instant article ပဲဖြစ်ပါတယ်။ ၄င်းဟာ facebook ပေါ်မှာတင် ဝက်ဘ်ဆိုက်ထဲက
သတင်းကို အလွယ်တကူ ဖတ်ရှုနိုင်အောင် ချိတ်ဆက်ပေးတဲ့ feature တစ်ခုဖြစ်ကာ
၂ဝ၁၆ နွေရာသီမှာ စတင်ကြေညာမိတ်ဆက်ခဲ့ပြီး အခုချိန်မှာတော့ နိုင်ငံတကာ
သတင်းဝက်ဘ်ဆိုက်များသာမက အွန်လိုင်းကြော်ငြာအတွက်လည်း အသုံးပြုလာကြပြီ
ဖြစ်ပါတယ်။

ကိုယ့်ရဲ့ facebook page ကို instant article ချိတ်ဆက်အသုံးပြုလိုသူတွေအတွက်
instantarticles.fb.com မှာ သွားရောက်ကာ အလွယ်တကူ စာရင်းပေးပြုလုပ်နိုင်ပါတယ်။
အသုံးပြုလိုသူတွေအတွက် sign up လုပ်ရမယ့်ပုံကို ရှင်းလင်းစွာ ဖော်ပြထားပြီး
ကိုယ့်ဘက်က အသုံးပြုလိုတဲ့ page ကိုရွေးချယ်ကာ အဆိုပါ page ရဲ့
Publishing Tools tab ထဲမှာ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

instant articles ကိုအသုံးပြုခြင်းက စာဖတ်သူပရိသတ်ကို ကိုယ့်ရဲ့ဝက်ဘ်ဆိုက်
တစ်ခုလုံးစီ သွားစရာမလိုဘဲ သူတို့လိုချင်တဲ့ သတင်းစာသားကိုသာ တိုက်ရိုက်ဖတ်ရှုစေ
သလိုဖြစ်တဲ့အတွက် စာဖတ်သူတွေအတွက် အဆင်ပြေပါတယ်။ facebook ဘလော့ဂ်မှာ
ကြေညာချက်အရ instant articles အသုံးပြုထားတဲ့ စာမျက်နှာတွေဟာ ၂ဝ ရာခိုင်နှုန်း
click ပိုရသလို၊ ဖတ်ရှုသူတွေကလည်း articles ကို မဖတ်ရသေးခင် ပြန်ထွက်သွားတာ
၇ဝ ရာခိုင်နှုန်း ပိုမိုနည်းပါးတယ်လို့ သိရပါတယ်။ ဒါ့ပြင် share ပြုလုပ်သူလည်း ၃ဝ
ရာခိုင်နှုန်းပိုများတယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါဖော်ပြထားတဲ့ လင့်ထဲမှာ ဝင်ရောက်လေ့လာနိုင်ပြီး ကိုယ့်ရဲ့ဝက်ဘ်ဆိုက်ပေါ်က
content တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖတ်ရှုသူ များပြားလာစေဖို့ ပြုလုပ်နိုင်ပါတယ်။
နောက်ထပ်ကောင်းကွက်တစ်ခုက ဒီဇိုင်းနဲ့ အွန်လိုင်းကြော်ငြာရရှိမှု ပုံစံကိုလည်း စနစ်
တကျ ပြုလုပ်ပေးထားတာပါပဲ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်