မိုဘိုင်းပေါ်ရောက်လာတဲ့ PES Pro Evolution 2017 ဘောလုံးဂိမ်း

မိုဘိုင်းပေါ်ရောက်လာတဲ့ PES Pro Evolution 2017 ဘောလုံးဂိမ်း

Free to Play
အမျိုးအစား - Sports, Simulation
ထုတ်လုပ်သူ - Konami
ပလက်ဖောင်း - Android, iOS

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ စတုတ္ထမျိုးဆက် ဆိုနီပလေးစတေရှင် အစရှိတဲ့ ဂိမ်းစက်ကြီးတွေ
အတွက် ထွက်ရှိခဲ့တဲ့ PES Pro Evolution Soccer 2017 ဂိမ်းဟာ မိုဘိုင်းပေါ်ကို မကြာခင်
ရောက်ရှိလာတော့မှာပါ။

ဂူးဂဲလ်ပလေးစတိုးမှာ ကြိုတင်စာရင်းသွင်းမှု လက်ခံနေပြီဖြစ်တဲ့ ဒီဂိမ်းဟာ ဘောလုံးဝါသနာအိုးတွေ
သွားလေရာမှာ ဆော့ကစားဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

ဘာလို့လဲဆိုရင်တော့ မိုဘိုင်းဘောလုံးဂိမ်းအများစုမှာ အပြင်က တကယ့်ကစားသမားတွေရဲ့ပုံရိပ်နဲ့
အမည်တွေ၊ ကလပ်အသင်းတွေရဲ့ အမှတ်တံဆိပ်နဲ့ အမည်တွေကို လိုင်စင်အခက်အခဲကြောင့်
လွှဲပြောင်းပြီး ထည့်သွင်းပေးလေ့ရှိတယ်။

PES စီးရီးကတော့ အခြားဂိမ်းကွန်ဆိုးတွေမှာပါ တရားဝင်ထုတ်လုပ်နေတာဖြစ်ပြီး နာမည်ကျော်
ဥရောပကလပ်တွေသာမက၊ အမေရိကန်နဲ့ အာရှကလပ် အသင်းတွေကိုပါ တရားဝင် အသုံးပြုခွင့်
လိုင်စင် ၀ယ်ယူထားတာဖြစ်ပါတယ်။

ဒါ့ပြင် Pro Evolution 2017 မှာတော့ ဘာစီလိုနာ အက်ဖ်စီ၊ လီဗာပူးနဲ့ ဒေါ့မွန်
ဘောလုံးအသင်းများနှင့်ပါ ပူးပေါင်းထားကာ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲရဲ့အစစ်အမှန် အရသာကိုပါ
ပေးစွမ်းနိုင်အောင် ကြိုးပမ်းလာပါတယ်။ ဒါဟာ မိုဘိုင်းပေါ်က ဘောလုံးဂိမ်းတစ်ခုအတွက်
တော်တော်ကို ကြီးကျယ်တဲ့အချက်ပါ။

ကစားသူတွေအနေနဲ့ PES Club Manager အစရှိတဲ့ ယခင်ထုတ်ကုန်တွေကိုလည်း ရင်းနှီးပြီးဖြစ်မှာပါ။

သုံးဖက်မြင် သရီးဒီပုံရိပ် အသုံးပြုရာမှာလည်း ဒီဂိမ်းစီးရီးဟာ အတွေ့အကြံုရှိပြီးသားဖြစ်ပါတယ်။

လိုင်စင်ရ တရားဝင် ကစားသမားအားလုံးရဲ့ မျက်နှာ စတဲ့ အချက်အလက်တွေကို အတိအကျပြန်ယူပြီး
ဆော့ကစားနိုင်အောင် ပြုလုပ်ထားပါတယ်။

ထိန်းချုပ်မှုအပိုင်းကတော့ မိုဘိုင်းမျက်နှာပြင်နဲ့ လိုက်ဖက်တဲ့ swipe, tap ပြုလုပ်ရတဲ့ပုံကို
အသုံးပြုထားပြီး လူပေးရာမှာ အလိုရှိတဲ့သူဆီကို လက်နဲ့ ပွတ်ဆွဲ (Swipe) ပြုလုပ်ကာ
လှလှပပပေးနိုင်မှာသလို၊ ဂိုးသွင်းတဲ့ ပုံစံကိုလည်း ပုံစံကွဲတွေဖြစ်အောင် ဖန်တီးပေးထားတယ်။

ကစားသမားတွေကတော့ အရင်လိုဝယ်ယူ မဲဖောက် ရတဲ့ပုံလို့ ယူဆရပြီး Bronze, Silver, Gold
စသဖြင့် သူတို့ရဲ့ အချက်အလက်တွေပေါ် မူတည်ကာ ခွဲခြားသွားမှာပါ။

ဒါပေမဲ့ ကိုယ်လိုချင်တဲ့အသင်းက အသင်းသားတွေကိုတော့ အထူးအခွင့်အရေးအနေနဲ့ ပြင်ပပိုက်ဆံဖြင့်
၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ လိုချင်တဲ့ ကစားသမားမရရင် အကုန်အကျများနိုင်ပါတယ်။

မာလ်တီပလေယာယှဉ်ပြိုင်မှုစနစ်ကို ပြုပြင်ပြောင်းလဲထားကာ Pro Evolution 2017 မှာ နှစ်မျိုး
ပါ၀င်လာမှာဖြစ်တယ်။

တစ်မျိုးက လိုကယ်ချိတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲ ဖန်တီးယှဉ်ပြိုင်တာဖြစ်ကာ၊
နောက်တစ်မျိုးကတော့ အွန်လိုင်းပေါ်က စိန်ခေါ်သူတွေနဲ့ မာလ်တီပလေယာကစားရမှာပါ။

သွားလေရာမှာ လူသား ကစားသူနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပေမဲ့ အွန်လိုင်းကော်နက်ရှင် ကောင်းမွန်ဖို့တော့
လိုအပ်ပါလိမ့်မယ်။

PES Pro Evolution Soccer 2017 မိုဘိုင်းဗားရှင်း ဟာ စမတ်ဖုန်းပေါ်မှာ ကစားနိုင်တဲ့
အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဆိုတာ ယုံမှားစရာမရှိပါဘူး။

ဒါပေမဲ့ အင်တာနက်ကော်နက်ရှင်ကောင်းကောင်း လိုအပ်သလို ဆွဲယူရတဲ့ ဒေတာအရွယ်အစားလည်း
ကြီးမားပါလိမ့်မယ်။

ဘောလုံးပရိသတ်တွေအတွက်တော့ သွားလေရာမှာ တရားဝင် ကစားသမားတွေ၊
ဘောလုံးအသင်းတွေနဲ့ ကွန်ဆိုးဂိမ်းစက်တစ်ခုရဲ့ ဖျော်ဖြေမှုလို ပေးစွမ်းနိုင်မယ့် မိုဘိုင်းဂိမ်းပဲ
ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်