ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၈ မြို့နယ်တွင် တယ်လီနောကွန်ရက် လွှမ်းခြံုပြီး

ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၈ မြို့နယ်တွင် တယ်လီနောကွန်ရက် လွှမ်းခြံုပြီး

ရှမ်းပြည်နယ်တွင် မြို့နယ် ၄၂ ခုရှိသည့်အနက် ၃၈ မြို့နယ်တွင် တယ်လီနောကွန်ရက် လွှမ်းခြံုနိုင်ပြီ
ဖြစ်ကြောင်း တယ်လီနောမြန်မာ၊ ဈေးကွက်အရာရှိချုပ် ဈေးကွက်စီမံခန့်ခွဲရေးအရာရှိချုပ်
Joslin Ehbok Myrthong က ပြောသည်။

ရှမ်းပြည်နယ်တွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၅၃၅ တိုင် စိုက်ထူထားကာ ဖိုက်ဘာလိုင်း
ခင်းကျင်းထားမှု ကီလိုမီတာ ၃,၀၀၀ နီးပါးရှိနေပြီး တယ်လီနောအရောင်း ဆိုင်ပေါင်း ရ,၀၀၀ ကို
ဖွင့်လှစ်ကာ ဒေသခံ လုပ်သားအင်အား ၈၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ဟု
ဆိုသည်။

ရှမ်းပြည်နယ်တွင် လူဦးရေ ၅ ဒသမ ၃ သန်းကျော်ရှိသည့်အနက် သုံးသန်းနီးပါးကို
တယ်လီနောကွန်ရက် လွမ်းခြံုထားနိုင်ပြီး သုံးစွဲသူအရေအတွက် ၁ ဒသမ ၁ သန်း ပိုင်ဆိုင်ထားသည်ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်