စမတ်ဖုန်းပေါ်ရောက်လာဦးမယ့် နင်တန်းဒိုးရဲ့ နောက်ထပ်ဂန္ထဝင်ဂိမ်း

စမတ်ဖုန်းပေါ်ရောက်လာဦးမယ့် နင်တန်းဒိုးရဲ့ နောက်ထပ်ဂန္ထဝင်ဂိမ်း

ဂျပန်အခြေစိုက် နင်တန်းဒိုးဂိမ်းကုမ္ပဏီဟာ သူ့ရဲ့ ဆယ်စုနှစ်ကျော် အောင်မြင်မှုရထားတဲ့
Pokemon GO ဂိမ်းကို စမတ်ဖုန်းပေါ် တင်ပို့လိုက်တဲ့အခါမှာ ကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့ပြီး
၂၀၁၆ မှာ Mario Run ကို ထပ်မံ မိတ်ဆက်ရာမှာလည်း Pokemon GO ကို မမီပေမဲ့ အောင်မြင်မှု
ရရှိခဲ့ပါတယ်။

နင်တန်းဒိုးဟာ ကွန်ဆိုးဂိမ်းစက်ပြိုင်ပွဲမှာ ယနေ့တိုင် ရပ်တည်နေတဲ့သူဖြစ်ပြီး ဂန္ထဝင်မြောက်
အောင်မြင်ခဲ့တဲ့ ဂိမ်းစီးရီးများစွာ ပိုင်ဆိုင်ထားသူပါ။

ယခုနှစ်ထဲမှာ တော့ သူတို့ရဲ့ နောက်ထပ် ဂန္ထဝင်ဂိမ်းစီးရီးဖြစ်တဲ့ Legend of Zelda ကို
စမတ်ဖုန်းပေါ်သို့ သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

Legend of Zelda ဟာ ၁၉၈၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ဂိမ်းစီးရီးတစ်လျှောက်မှာ စုစုပေါင်းဂိမ်းခွေ
၁၉ ခု ထွက်ရှိထားပါတယ်။

ဆယ်စုနှစ် သုံးခုခန့် အောင်မြင်ခဲ့တဲ့ ဂိမ်းစီးရီး ဖြစ်တဲ့အတွက်လည်း နင်တန်းဒိုးက သူတို့ရဲ့
လူသိအများဆုံးဂိမ်းတွေကို စမတ်ဖုန်းပေါ် ခေါ်ဆောင်လာရာမှာ တတိယမြောက်အဖြစ်
ယူဆောင်လာတာ ဖြစ်နိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်