အူရီဒူးသုံးစွဲသူ အချင်းချင်း ဒေတာများ လက်ဆောင်ပေးနိုင်သည့် ပေါင်းကူးဒေတာ လက်ဆောင်
အစီအစဉ်ကို စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း အူရီဒူးမြန်မာက မေ ၁၇ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်တွင် ဒေတာအသုံးပြုနိုင်မှု ၈၀၀ မဂ္ဂါဘိုက်မှ ၁၃၀ ဂစ်ဂါဘိုက်အထိ လက်ဆောင်
ပေးပို့နိုင်သော ဒေတာပမာဏအမျိုးအစား ရှစ်မျိုး ပါ၀င်ကာ ၈၀၀ မဂ္ဂါဘိုက်အတွက် ၉၉၉ ကျပ်
ကျသင့်မည်ဖြစ်ပြီး မိမိရွေးချယ်လက်ဆောင်ပေးသော ဒေတာပမာဏအပေါ် မူတည်ကာ
ဈေးနှုန်းကွာခြားမှုရှိသည်။
ပေါင်းကူးဒေတာ လက်ဆောင်အစီအစဉ်ကို အသုံးပြု၍ ဒေတာများ လက်ဆောင် ပေးပို့လိုပါက
*442# ကို ဖုန်းခေါ်ဆို၍ လည်းကောင်း My Ooredoo အက်ပလီကေးရှင်းကို အသုံးပြု၍
လည်းကောင်း လက်ဆောင်ပေးပို့နိုင်သည်။
ထို့ပြင် ၀ိုင်ဖိုင်ဖြင့် ချိတ်ဆက်သော စက်များထဲသို့လည်း လက်ဆောင်ထည့်သွင်းပေးနိုင်မည်ဖြစ်သည်။
















