အဖွဲ့လိုက်လှုပ်ရှားမှုတွေအတွက် အသုံးဝင်တဲ့ Trello အက်ပလီကေးရှင်း

အဖွဲ့လိုက်လှုပ်ရှားမှုတွေအတွက် အသုံးဝင်တဲ့ Trello အက်ပလီကေးရှင်း

မိမိရဲ့တစ်နေ့တာ လုပ်ဆောင်စရာတွေကို မှတ်သားပြီး အသိပြန်ပေးတဲ့ အက်ပလီကေးရှင်းတွေဟာ
သွားလေရာဆောင်သွားနိုင်တဲ့ စမတ်ဖုန်းတွေမှာ အင်မတန် အသုံးဝင်ပါတယ်။

ဒါပေမဲ့ တစ်ယောက်တည်းရဲ့ လုပ်ငန်းဆောင်တာတွေ သာမကဘဲ အဖွဲ့တစ်ဖွဲ့၊ လုပ်ငန်းတစ်ခုရဲ့
လုပ်ဆောင်စရာတွေကိုပါ အကန့်များစွာ ခွဲခြားပြီး တစ်နေရာတည်းမှာ သတိပေးလုပ်ဆောင်ပေးနိုင်တဲ့
အက်ပလီကေးရှင်း တစ်ခုရှိပါတယ်။ အဲဒါကတော့ trello ပါပဲ။

Android, iOS နဲ့ ၀င်းဒိုးဖုန်းတွေမှာ အခမဲ့ရယူနိုင်တဲ့ trello ဟာ ရိုးရှင်းတဲ့ စီမံခန့်ခွဲမှု
အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ရှုပ်ထွေးတဲ့ User Interface တွေ မပါ၀င်ပါဘူး။

သူ့ရဲ့စာမျက်နှာပေါ်မှာ ကိုယ်ပြုလုပ်စရာရှိတဲ့ လုပ်ဆောင်မှုတွေကို Boards တွေ တည်ဆောက်ကာ
အချိန်သတ်မှတ်ခြင်း၊ ပါ၀င်တဲ့ သူတွေကိုပါ ထည့်သွင်းဖိတ်ခေါ်ထားတာ၊ အဖွဲ့ထဲက
လုပ်ဆောင်ရန်တွေကို To-do list ဖန်တီးပြီး စောင့်ကြည့်နိုင်တာတွေကို ပြုလုပ်နိုင်ပါတယ်။

Trello ကို အခမဲ့ရယူပြီးတဲ့နောက် အီးမေးလ် တစ်ခုခုနဲ့ sign up ပြုလုပ်နိုင်သလို ဂူဂဲလ်မေးနဲ့လည်း
တိုက်ရိုက်ချိတ်ဆက်ပြီး ၀င်ရောက်အသုံးပြုနိုင်တယ်။

မိုဘိုင်းအက်ပလီကေးရှင်း ဖြစ်တဲ့အတွက် မိမိသွားလေရာမှာ ဆောင်ရွက်ရမယ့် စာရင်းနဲ့
အဖွဲ့သားတွေရဲ့ အလုပ်ပြီးစီးမှုကို စောင့်ကြည့်နိုင်မယ့် သဘောဖြစ်တယ်။

အကြောင်းအရာတစ်ခုအတွက် တည်ဆောက်ထားမယ့် Board တစ်ခုပေါ်မှာ
နောက်ထပ်ခေါင်းစဉ်ခွဲလေးတွေကို ထပ်ဖြည့်နိုင်ပြီး card များလို့ ခေါ်ပါတယ်။

ဒါကတော့ လုပ်ငန်းကြီးတစ်ခုအတွက် ဆက်သွယ်နေတဲ့ အချိန်တွင်းမှာ သီးသန့်
လုပ်ငန်းခွဲလေးတွေကိုပါ တစ်ပါတည်းပေါင်း ထားနိုင်အောင်ဖြစ်သလို လုပ်ဆောင်ရဦးမယ့်အရာ၊
အချိန်ကန့်သတ်ချက်နဲ့ လုပ်ဆောင်ပြီးတဲ့ အရာတွေကို အလွယ်တကူမြင်ရစေတဲ့ လုပ်ဆောင်ချက်
ပါ၀င်ပါတယ်။

လုပ်ငန်းတွေ အဖွဲ့တွေအတွက် သာမဟုတ်ဘဲ သာမန်ပုဂ္ဂိုလ်ရေးအတွက်လည်း အသုံးပြုနိုင်ပြီး
သတိပေးစက်လိုလည်း ဆောင်ရွက်နိုင်တယ်။

ဒါ့ပြင် အန်းဒရွိုက် လက်ပတ်အချို့နဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း ၁၀ မီဂ္ဂါဘိုက်အောက်ဆိုရင် ပေးပို့နိုင်ပြီး Google Drive အစရှိတဲ့
လင့်တွေကိုလည်း ပေးပို့နိုင်ပါတယ်။

လုပ်ငန်းကြီးသုံးဆိုရင်တော့ ပိုမိုစုံလင်တဲ့ feature တွေနဲ့ လစဉ်ကြေးပေး အသုံးပြုနိုင်တဲ့
၀န်ဆောင်မှုပါပေမဲ့ သူငယ်ချင်းတွေကြားမှာ ပျော်ပွဲစားထွက်တာ၊ အဖွဲ့ငယ်အတွင်း လုပ်ငန်းပြီးစီးမှု
စစ်ဆေးတာတွေကိုတော့ အခမဲ့ဗားရှင်းနဲ့တင် လုံလောက်တာကို တွေ့ရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်