စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို
စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အူရီဒူးမြန်မာက ယခုလ ၂၅ ရက်တွင် သတင်း
ထုတ်ပြန်ထားသည်။
အဆိုပါဝန်ဆောင်မှုမှာ ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာ
နိုင်ငံတစ်ဝန်း နယ်မြေဒေသအသီးသီးတွင်ရှိသည့် ရုံးခွဲများကို အစဉ်မပြတ် သီးသန့်
ကွန်ရက်ဖြင့် ဆက်သွယ်မှုရှိစေနိုင်မည့် ဝန်ဆောင်မှုဖြစ်သည်။
ထို့ပြင် IP-VPN ဝန်ဆောင်မှုကို Multiprotocol Label Switching (MPLS) နည်းပညာ
ပေါ်တွင်အခြေခံကာ သီးသန့်ကွန်ရက်ကို အစမှအဆုံးအထိ စနစ်တကျချိတ်ဆက်ပေးမည့်
IP-MPLS solution ဖြစ်သည်။
အူရီဒူး၏ IP-VPN သည် အများသုံးအင်တာနက်ကွန်ရက်ဖြင့် ဆက်သွယ်ချိတ်ဆက်ခြင်း
မရှိဘဲ သီးသန့်ကွန်ရက်ဖြင့် ဆက်သွယ်ချိတ်ဆက်ထားသောကြောင့် စီးပွားရေးလုပ်ငန်းသုံး
ဒေတာများကို အခြားကွန်ရက်မှတစ်ဆင့် ခိုးယူနှောင့်ယှက်မှု၊ Data breaches နှင့် DDos
တိုက်ခိုက်ခံရမှုများ အစရှိသည်များကို ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်အောင် လျှော့ချပေးမည်ဟု
အာမခံကြောင်း အူရီဒူးမြန်မာက ဆိုသည်။
လွယ်ကူစွာစီမံဆောင်ရွက်နိုင်မှု၊ အချိုးကျဆောင်ရွက်နိုင်မှု၊ စျေးနှုန်းသင့်တင့်မှု၊ အကန့်
အသတ်မရှိ ဒေတာပမာဏကိုအသုံးပြုကာ အမြန်နှုန်းကို လိုသလောက် စီမံဆောင်ရွက်နိုင်
မှုများကြောင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှု
လုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်များနှင့် ပညာရေးလုပ်ငန်းများအတွက် အထူးသင့်လျော်မည်
ဖြစ်သည်။

















