ပိုကီမွန်ကုမ္ပဏီက အသစ်ထုတ်လိုက်တဲ့ Pokemon: Magikarp Jump မိုဘိုင်းဂိမ်း

ပိုကီမွန်ကုမ္ပဏီက အသစ်ထုတ်လိုက်တဲ့ Pokemon: Magikarp Jump မိုဘိုင်းဂိမ်း

 

Free to Play
ထုတ်လုပ်သူ - The Pokemon Company
ပလက်ဖောင်း - Android, iOS
အရွယ်အစား - 50MB အထက်

မိုဘိုင်းပလက်ဖောင်းပေါ်ရောက် နင်တန်းဒိုးရဲ့ စတုတ္ထမြောက်ပိုကီမွန်ဂိမ်းဖြစ်ပြီး
The Pokemon Company က တစ်ဦးတည်းထုတ်လုပ်တဲ့ တတိယမြောက်ဂိမ်းဖြစ်ပါတယ်။
တရားဝင်ထွက်ရှိလာတဲ့ဂိမ်းဖြစ်ပေမဲ့ သူ့ရဲ့ကစားပုံက ထူးဆန်းပါတယ်။

Pokemon GO အပါအဝင် ပိုကီမွန်ဂိမ်းတွေကို ကစားဖူးတဲ့သူတွေအနေနဲ့ အားအနည်းဆုံး
ပိုကီမွန်တစ်ကောင်ဖြစ်တဲ့ Magikarp ကို မှတ်မိကြမှာပါ။ Magikarp Jump ဟာ
ဒီရွှေငါးပိုကီမွန်လေးကို အဓိကထားတဲ့ simulation ဂိမ်းတစ်ခုဖြစ်ပါတယ်။

Hoppy Town လို့ခေါ်တဲ့ မြို့လေးဟာ ပိုကီမွန်ပြိုင်ပွဲကြီးတွေရဲ့စာရင်းမှာ ဘယ်တော့မှ
မပါခဲ့ပါဘူး။ ဒါပေမဲ့ သူတို့မြို့လေးရဲ့အချစ်တော် ပိုကီမွန်တစ်ကောင်တော့ရှိပါတယ်။ အဲဒါ
ကတော့ Magikarp ပါပဲ။ မြို့သားတွေဟာ Magikarp ကိုသာ စွဲစွဲမြဲမြဲမွေးမြူကြပြီး သူ့ရဲ့
ကိုယ်ပေါ်က အရောင်အမျိုးအစားတွေ၊ အရည်အချင်းတွေကို လေ့လာကြပါတယ်။

ဒါပေမဲ့ Magikarp မှာက ရှားရှားပါးပါး ability တစ်မျိုးပဲရှိပါတယ်။ အဲဒါကတော့
Splash လို့ခေါ်တဲ့ ရေထဲကနေ အပေါ်ကို ခုန်တာပါပဲ။ Hoppy Town က လူတွေဟာ
Magikarp ရဲ့တစ်ခုတည်းသောအစွမ်းကို အသုံးချပြီး သူတို့ဘာသာ ပြိုင်ပွဲတစ်ခုတီထွင်
ထားပါတယ်။ လိဂ်ပြိုင်ပွဲတွေအဆင့်ဆင့်နဲ့ Magikarp Jump ပဲ ဖြစ်ပါတယ်။

ကစားသူဟာ ဒီမြို့လေးရဲ့ မြို့တော်ဝန်ကနေခေါ်ယူပြီး Magikarp Jump ပြိုင်ပွဲတစ်ခေတ်
ဆန်းအောင် စိတ်လှုပ်ရှားမှုပေးစွမ်းဖို့ ပြုလုပ်ရမှာပါ။ ရေအိုင်ထဲကနေ Magikarp 
တစ်ကောင်ကိုဖမ်း၊ အစာကျွေး၊ လေ့ကျင့်ပြီး ပြိုင်ပွဲအဆင့်ဆင့် ဝင်ရမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ အင်မတန်ရိုးရှင်းတဲ့ gameplay နဲ့ ပန်းတိုင်ကိုအခြေခံထားတယ်။ ကစားသူက
ငါးတစ်ကောင်ဖမ်း၊ အစာကျွေး၊ လေ့ကျင့်၊ ပြိုင်ပွဲဝင် ဒါပါပဲ။ ဒါပေမဲ့ အတွေ့အကြံုရလာ
တာနဲ့ မိမိ trainer rank တက်လာမှာဖြစ်ကာ ကိုယ်မွေးတဲ့ငါးရဲ့ max level ပိုပိုများလာမှာ
ဖြစ်ပါတယ်။

Magikarp တစ်ကောင်မှာ ဖမ်းလိုက်ကတည်းက သူ့ရဲ့ max level နဲ့ Jump Power က
သတ်မှတ်ပြီးသားပါ။ အစာကျွေးခြင်းနဲ့ လေ့ကျင့်ပေးခြင်းက level တက်စေပါတယ်။
max level ရောက်ရင် အစာကျွေး၊ လေ့ကျင့်လို့ မရတော့ပါဘူး။ မရှုံးမချင်း ပြိုင်ပွဲတွေ
ဆက်တိုက်ပြိုင်ရုံပါပဲ။

Magikarp မျိုးဆက်တစ်ခုပြီးတစ်ခု ဖြတ်သန်းကာ ကိုယ့်ရဲ့လေ့ကျင့်မှုအရည်အသွေးကို
မြှင့်တင်ရင်း အမြင့်ဆုံးပြိုင်ပွဲတွေကို အနိုင်ယူရတဲ့ထိ ကစားရမှာပါ။ max level မှာရှုံးသွား
တာနဲ့ လက်ရှိငါးကို အနားပေးလိုက်ရပါတယ်။

Trainer ရဲ့အဆင့်ပေါ်မှာမူတည်ပြီး exp တက်တာ ပိုမြန်သလို ပိုသန်စွမ်းတဲ့ငါးတွေကို
လည်းရလာပါတယ်။ ငါးတွေရဲ့ကိုယ်ပေါ်က အစက်အပြောက်တွေက ၉၉ မျိုးအထိရှိပြီး
မွေးခါစမှာတော့ မသိသာဘဲ level တက်လာတာနဲ့အမျှ အရွယ်ကြီးလာပြီး ကိုယ်ပေါ်က
pattern တွေကို သေချာမြင်လာရမှာပါ။

ငါးမွေးတဲ့ကန်ကို အလှဆင်နိုင်သလို Pikachu လိုမျိုး တခြားပိုကီမွန်တွေကိုလည်း
ကိုယ့်ကိုကူညီဖို့ ခေါ်ထားနိုင်တယ်။ လေ့ကျင့်နေချိန်မှာ ကြံုတွေ့ရမယ့် event အမျိုး ၃ဝ
ကျော်ရှိပြီး Jump Power တင်ပေးတာကနေ ကိုယ့်ငါးကို Pigetto ငှက်ပိုကီမွန်က
ချီသွားတာအထိ အမျိုးစုံပါပဲ။

အနားပေးလိုက်တဲ့ အရင်မျိုးဆက် Magikarp တွေကလည်း ငါးကန်ရဲ့နောက်ဘက်မှာ
ကူးခပ်နေတာကို တွေ့ရမှာပါ။ ပြိုင်ပွဲတွေကနေရလာတဲ့ ရွှေဒင်္ဂါးတွေ၊ စိန်တွေနဲ့လေ့ကျင့်
ရာမှာအထောက်အကူပြုတဲ့ item တွေ၊ အလှဆင်ပစ္စည်းတွေ ဝယ်လို့ရသလို အစာကို
လည်း upgrade လုပ်ပေးပြီး ငါးကို မြန်မြန်ကြီးစေနိုင်ပါတယ်။

Pokemon: Magikarp Jump ဟာ ထင်မှတ်မထားတဲ့ နင်တန်းဒိုး မိုဘိုင်းဂိမ်းတစ်ခုအဖြစ်
ထွက်ရှိလာပြီး ယခုမေလကုန်ခါနီးမှ နိုင်ငံတကာမှာ ဆော့ကစားလို့ရလာတာပါ။ ချစ်စရာ
ကောင်းတဲ့ 2D ဂရပ်ဖစ်လေးနဲ့ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ gameplay ပေါင်းစပ်ထား
တယ်။ facebook နဲ့ချိတ်ဆက်ထားရင် သူငယ်ချင်းတွေရဲ့ စံချိန်တွေကိုလည်း ယှဉ်ပြိုင်နိုင်
ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်