စျေးကွက်သို့ဝင်ရောက်လာတဲ့ Lenovo A2020 စမတ်ဖုန်း

စျေးကွက်သို့ဝင်ရောက်လာတဲ့ Lenovo A2020 စမတ်ဖုန်း

ထိုင်ဝမ်နိုင်ငံအခြေစိုက် လီနိုဗို (Lenovo) ကုမ္ပဏီမှထုတ်လုပ်သော Lenovo A2020 
စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း လီနိုဗို၏ 
တရားဝင်ကိုယ်စားလှယ် အရောင်းစင်တာဖြစ်သည့် KMD ဇွန် ၁ ရက်တွင် သတင်း
ထုတ်ပြန်ထားသည်။

အဆိုပါစမတ်ဖုန်းမှာ မျက်နှာပြင်အကျယ် ငါးလက်မရှိပြီး အလေးချိန် ၁၆၆ ဂရမ်သာရှိရာ
အဓိက ကင်မရာ ငါးမဂ္ဂါပစ်ဇယ်အသုံးပြုထားပြီး အရှေ့ကင်မရာ နှစ်မဂ္ဂါပစ်ဇယ်ဖြစ်သည်။
စမတ်ဖုန်း၏ ထူးခြားချက်သည် Multimedia လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်း
ပေးနိုင်မည့် Dolby Digital Certified Dual Speaker ကို အသုံးပြုထားခြင်းပင်ဖြစ်သည်။

ထို့ပြင် Processor ကို Qualcomm Snapdragon ၂၁ဝ နှင့် 1.1 GHz မြန်နှုန်းရှိ
Quad- Core CPU ကိုအသုံးပြုထားပြီး Android version 5.1 (Lollipop) ဖြစ်သည်။
ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည့် Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး
Internal Memory 8GB ကိုအသုံးပြုထားကာ 32 GB အထိထပ်တိုးအသုံးပြုနိုင်သည့်
Micro SD slot ပါဝင်၍ RAM 1GB ကိုအသုံးပြုထားသည်။ အဖြူရောင်နှင့် အမဲရောင်ဟူ၍
အရောင်နှစ်မျိုးကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ရာ ကျပ် ၁ဝ၉,ဝဝဝ ဖြင့် ရောင်းချပေးလျက်
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်