မီးခိုးခေါင်းတိုင်သဏ္ဌာန် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်

မီးခိုးခေါင်းတိုင်သဏ္ဌာန် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်

ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Edotco ကုမ္ပဏီ
သည် မီးခိုးခေါင်းတိုင်သဏ္ဌာန် တယ်လီဖုန်းတာဝါတိုင်ကိုအသုံးပြုကာ သန်လျင်မြို့
Star City အိမ်ရာအတွင်း အိမ်ပေါင်း ၁ဝ,ဝဝဝ ကျော်ကို ဆက်သွယ်ရေးကွန်ရက် 
ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်းမေ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတာဝါတိုင်သည် ၆ ဒသမ သုည မီတာ အခေါင်းပါသုံးမြှောင်ပုံ ခေါင်မိုးတွင်
တပ်ဆင်ထားသည့် တာဝါတိုင်ဖြစ်သည့်အပြင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၉၅၊ ၁၂
စတုရန်းမီတာအထိ ခံနိုင်ရည်ရှိကာ တာဝါတိုင် ပြင်ပအကာအတွက် ဖိုင်ဘာကူပလတ်
စတစ်တိုင်များဖြင့် တပ်ဆင်ထားသည်။

''ဒီတာဝါဆိုက်က တကယ့်ကိုထူးခြားပါတယ်။ တီထွင်ဆန်းသစ်ထားတဲ့ တယ်လီဖုန်း
ဆက်သွယ်ရေးတာဝါတိုင် ဖြစ်ရုံသာမက၊ မြန်မာနိုင်ငံရဲ့ပထမဆုံးသော တာဝါဆိုက်လည်း
ဖြစ်ပါတယ်''ဟု Edotco ၏ မြန်မာနိုင်ငံဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဗီဂျင်ဒရန်
ဝပ်ဆန်က ပြောသည်။

ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သော အမ်ပီတီနှင့်အူရီဒူးသည် အဆိုပါ
တာဝါတိုင်များကို တပ်ဆင်ရန်ရှိပြီး၊ အခြားသော အော်ပရေတာများကလည်း တပ်ဆင်
အသုံးပြုလာနိုင်သည်ဟု ဆိုသည်။

ထို့အတူ Edotco ကုမ္ပဏီသည် ဘင်္ဂလာဒေ့ရှ် ့နိုင်ငံ ဒါကာမြို့ Uttara ဒေသအထက်ပိုင်း
တွင် ဝါးဖြင့်ပြုလုပ်ထားသော တာဝါတိုင်များတည်ဆောက်ခဲ့ပြီး၊ ဝါးကိုအသုံးပြု
တည်ဆောက်သော ပထမဆုံး တာဝါတိုင်ကုမ္ပဏီလည်းဖြစ်သည်။ Edotco ကုမ္ပဏီသည်
၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် မြန်မာတွင် စတင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ
တာဝါတိုင်ပေါင်း ၁,၃၄၅ တိုင် တပ်ဆင်ထူထောင်ပြီးဖြစ်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်