ပြည်တွင်း၌ ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသော မည်သည့်ဆက်သွယ်ရေး
အော်ပရေတာကိုမဆို တစ်မိနစ် ၁၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည့် ရိုးရိုးလေးအစီအစဉ်ကို
မေ ၃၁ ရက်မှစတင်ကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အူရီဒူးမြန်မာက သတင်း
ထုတ်ပြန်ထားသည်။
အဆိုပါအစီအစဉ်ရယူထားသည့် အူရီဒူးသုံးစွဲသူသည် အူရီဒူး၊ အမ်ပီတီ (သို့မဟုတ်)
တယ်လီနော မည်သည့်နံပါတ်ကိုမဆို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ၁၅ ကျပ်နှင့် စာတိုပေးပို့
ပါကလည်း တစ်စောင် ၁၅ ကျပ်သာ ကျသင့်မည်ဖြစ်သည်။
''အူရီဒူးကတော့ သုံးစွဲသူတွေကို လွတ်လွတ်လပ်လပ် သုံးခွင့်ရဖို့အတွက် အူရီဒူး၊ အမ်ပီတီ
(သို့) တယ်လီနောနံပါတ်အားလုံးကို အသက်သာဆုံးစျေးနှုန်းနဲ့ ဖုန်းခေါ်ဆိုခွင့်ရအောင်
ဝန်ဆောင်မှုပေးထားပါတယ်။ အရိုးရှင်းဆုံး ဖုန်းခေါ်ဆိုခ အစီအစဉ်ဖြစ်တဲ့ ရိုးရိုးလေး
အစီအစဉ်ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်ပါပြီ''ဟု အူရီဒူးမြန်မာ၏ စျေးကွက်အရာရှိချုပ်
Charity Safford က ပြောသည်။
ယင်းအစီအစဉ်သည် အခြားအော်ပရေတာများထံသို့ ဖုန်းခေါ်ဆိုမှုများသော သုံးစွဲသူများ
အတွက် ရည်ရွယ်သည့်အစီအစဉ်ဖြစ်ပြီး ရိုးရိုးလေးအစီအစဉ်ကို ရယူသုံးစွဲလိုပါက
*777# သို့ခေါ်ဆိုကာ အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
















