ပစ္စည်းမျိုးစုံဝယ်ယူနိုင်သည့် Netzay.com စျေးဝယ် ဝက်ဘ်ဆိုက်

ပစ္စည်းမျိုးစုံဝယ်ယူနိုင်သည့် Netzay.com စျေးဝယ် ဝက်ဘ်ဆိုက်

ပစ္စည်းမျိုးစုံဝယ်ယူနိုင်မည့် ပြည်တွင်းစျေးဝယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော
Netzay.com.mm ဝက်ဘ်ဆိုက်ကို Natzay Ecommerce Group က ဖန်တီးထားပြီး 
အဆိုပါဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းကို ဇွန် ၃ ရက်က ရန်ကုန်မြို့ရှိ 
လှည်းတန်းစင်တာတွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ စျေးဝယ်ဝက်ဘ်ဆိုက်တွင် နာမည်ကြီးအမှတ်တံဆိပ်များ တင်သွင်းရောင်းချသည့်
ဆိုင်ခန်းပေါင်း ရဝ ကျော်နှင့် ပစ္စည်းအမျိုးအစားပေါင်း ၄,ဝဝဝ ကျော်ကို ရွေးချယ်ဝယ်ယူနိုင်
မည်ဖြစ်ပြီး အလှအပ၊ ဖက်ရှင်၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်း၊
ကလေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ပွဲလက်မှတ်များ
အစရှိသည့် အမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်
သည်။ ထို့ပြင် အထူးလျှော့စျေးနှင့်စျေးရောင်းပွဲတော်များနှင့် အားကစားပစ္စည်းများကိုလည်း
ဝယ်ယူနိုင်မည် ဖြစ်သည်။

ယင်းဝက်ဘ်ဆိုက်က ဝယ်ယူလိုက်သော ကုန်ပစ္စည်းများ မှားယွင်းနေခြင်း၊ အရောင်အသွေး
လွဲမှားခြင်း၊ အနာအဆာ ပါရှိလာခြင်းတို့ဖြစ်ပါက ပစ္စည်းလက်ခံရရှိပြီး ခုနစ်ရက်အတွင်း
မူလထုပ်ပိုးမှု ပုံစံမပျက် Netzay.com.mm သို့ အခမဲ့ ပြန်လည်ပေးပို့လဲလှယ်နိုင်ခြင်း
(သို့မဟုတ်) တူညီသောငွေပမာဏ ပြန်အမ်းပေးမည်ဖြစ်ကြောင်းလည်း ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။

ထို့ပြင် မိုဘိုင်းဖုန်းမှတစ်ဆင့် Netzay.com.mm ကို လွယ်ကူစွာ အသုံးပြုနိုင်ရန်
အန်းဒရွိုက်နှင့် အိုင်အိုအက်စ်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည့် မိုဘိုင်းအက်ပလီ
ကေးရှင်းကိုလည်း မိတ်ဆက်ခဲ့သည်။

ထို့ကြောင့် မိုဘိုင်းအက်ပလီကေးရှင်းကို ဂူးဂဲလ်ပလေးစတိုးနှင့် က်ပဲလ်စတိုးတွင်
ဒေါင်းလုတ်ပြုလုပ်ကာ အသုံးပြုနိုင်ပြီဖြစ်သည်။

လက်ရှိတွင် Netzay.com.mm ကို အသုံးပြုသူ ၃,ဝဝဝ ကျော်ရှိနေပြီး အက်ပလီကေးရှင်ကို
အင်္ဂလိပ်ဘာသာစနစ်ဖြင့်သာ အသုံးပြုနိုင်ရန် စီစဉ်ထားသည်။

အဆိုပါစျေးဝယ်ဝက်ဘ်ဆိုက်ကို မြန်မာနိုင်ငံအနှံ့ မြို့ကြီး ရ၅ မြို့တွင် ပစ္စည်းရောက်
ငွေချေစနစ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကာ ဝန်ဆောင်မှုပေးလျက်ရှိပြီး ငွေပေးချေ
မှုစနစ်အတွက် KBZ Quick Pay နှင့် OK$ တို့မှ အလွယ်တကူ ငွေလွှဲနိုင်ရန် စီစဉ်ပေးထား
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်