အီလက်ထရွန်းနစ် အားကစားပြိုင်ပွဲများအတွက် ဆုကြေးငွေ သန်း ၁ဝဝ ကျော် ချီးမြှင့်ပြီးသွားတဲ့ ဒိုတာတူး

အီလက်ထရွန်းနစ် အားကစားပြိုင်ပွဲများအတွက် ဆုကြေးငွေ သန်း ၁ဝဝ ကျော် ချီးမြှင့်ပြီးသွားတဲ့ ဒိုတာတူး

နိုင်ငံတကာမှာ E-sports လို့ခေါ်ဝေါ်ကြတဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲတွေဟာ တဖြည်းဖြည်းအရှိန်
မြင့်လာပြီး ဆုကြေးငွေ ဒေါ်လာသန်းနဲ့ချီပြီးချီးမြှင့်တဲ့ ပြိုင်ပွဲတွေ အမျိုးမျိုးပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ အီလက်ထရွန်းနစ် အားကစားပြိုင်ပွဲတွေကို ဆုကြေးစစ်တမ်းကောက်တဲ့
e-Sports Earning အဖွဲ့ရဲ့ ယခုလအတွင်း ကြေညာချက်အရ Dota 2 ဂိမ်းပြိုင်ပွဲတွေဟာ
၂ဝ၁၁ ခုနှစ်မှာစတင်ခဲ့ပြီး ယခုအချိန်ထိ ပေးအပ်လာတဲ့ ဆုကြေးငွေစုစုပေါင်း အမေရိကန်
ဒေါ်လာသန်း ၁ဝဝ ကို ပထမဆုံးအဖြစ် ကျော်လွန်နိုင်ခဲ့တဲ့ e-Sports ဂိမ်းပြိုင်ပွဲဖြစ်လာခဲ့
ပါပြီ။

အဆိုပါဆုကြေးကိုရောက်ရှိဖို့ ပြိုင်ပွဲပေါင်း ရ၄ဝ သာရှိခဲ့ပြီး ဒုတိယနေရာမှာ စုစုပေါင်း
ဒေါ်လာ ၄၁ သန်းကျော်နဲ့ ရပ်တည်နေတဲ့ League of Legends ဂိမ်းကတော့ ပြိုင်ပွဲ
စုစုပေါင်း ၁,၈ဝဝ ကျော်မှ အထက်ပါဆုကြေးပမာဏကို ရောက်ခဲ့တာပါ။

ဒုတိယနေရာမှာ League of Legends က ဒေါ်လာ ၄၁ သန်းကျော်၊ တတိယကနေ
ပ ဉ္စမနေရာထိ Counter Strike: Global Offensive, Star Craft II နဲ့ မူရင်း
Counter Strike တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

Dota 2 ပြိုင်ပွဲအရပ်ရပ်မှာ ဆုရရှိခဲ့တဲ့ ကစားသမားဦးရေကလည်း ၁,၉၅၂ ဦးသာရှိပြီး
စတုတ္ထနေရာက Star Craft II ပြီးရင် အနည်းဆုံး ဆုရရှိသူဦးရေလည်းဖြစ်တာကြောင့်
တစ်ဦးချင်းပျမ်းမျှဆုကြေးငွေရရှိမှုကလည်း မြင့်မားလှပါတယ်။ Valve မှထုတ်လုပ်တဲ့
Dota2 ဂိမ်းဟာ နှစ်စဉ်တရားဝင် ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပလျက်ရှိကာ ၂ဝ၁၆ ခုနှစ်က
ပြုလုပ်ခဲ့တဲ့ International 2016 Dota 2 ပြိုင်ပွဲမှာ ဆုကြေးငွေစုစုပေါင်း ဒေါ်လာသန်း ၂ဝ
ကျော်ထိ ချီးမြှင့်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်