တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဆမ်ဆောင်း (Samsung)
၏အသစ်ထပ်မံထုတ်လုပ်လိုက်သော ရေဒဏ်နှင့် ဖုန်ဒဏ်ခံနိုင်စွမ်းရှိသည့် IP68
နည်းပညာနှင့် ဖန်တီးထားသော အကြမ်းခံနိုင်ဆုံး Samsung Galaxy XCover 4 စမတ်
ဖုန်းသည် ပြည်တွင်းစျေးကွက်သို့ ယခုလအတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါ
ကုမ္ပဏီက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါစမတ်ဖုန်းကို ပြင်းထန်သော ရာသီဥတုအခြေအနေများ၊ စမ်းသပ်မှုများ၊ အကြမ်းခံ
စစ်ဆေးမှုများ၊ တုန်ခါမှုနှုန်းထားများ၊ ပင်လယ်ဆားငန်ရေ၊ မြူနှင်းများနှင့် ပူပြင်းလှသော
နေရောင်ခြည်အောက်တွင် အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး လက်အိတ်ဝတ်ဆင်ထား
လျှင်လည်း ထိတွေ့နိုင်သော ငါးလက်မအရွယ်အစားရှိ ကြည်လင်ပြတ်သားသော HD
မျက်နှာပြင် ပါဝင်သည်။
ထို့ပြင် Exynos 7570 chipset နှင့် 1.4GHz Quad core processor တို့ပါဝင်ကာ
အန်းဒရွိုက် Marshmallow OS ကို ထည့်သွင်းပေးထားပြီး 2GB RAM နှင့်အတူ
Internal memory 16GB ပါဝင်ကာ 64 GB အထိ ထပ်တိုးအသုံးပြုနိုင်မည့် micro SD
card slot လည်း ပါဝင်သည်။
ယင်းစမတ်ဖုန်း၏ အနောက်ဘက်ရှိကင်မရာမှာ ၁၃ မဂ္ဂါပစ်ဇယ်နှင့် အရှေ့ဘက်ကင်မရာ
မှာ ငါးမဂ္ဂါပစ်ဇယ်ရှိပြီး ချိတ်ဆက်မှုများအတွက် NFC, WiFi 802.11 b/g/nn (2.4 GHz),
Bluetooth 4.0 နှင့် အခြားလုပ်ဆောင်ချက်များ ပါဝင်သည်။
အဆိုပါစမတ်ဖုန်းတွင် ဆင်းကတ်တစ်ကတ်သာ ထည့်သွင်းအသုံးပြုနိုင်ပြီး ဘက်ထရီ
သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရန် ဖြုတ်နိုင်တပ်နိုင်သော 2400 mAh ဘက်ထရီကို
ထည့်သွင်းပေးထားသည်။ ထိုစမတ်ဖုန်းကို စျေးကွက်တွင် အနက်ရောင်တစ်မျိုးတည်းသာ
ရရှိနိုင်ပြီး ကျပ် ၃ဝ၅,ဝဝဝ ဖြင့် ဇွန် ၁၆ ရက်မှစတင်ကာ ဆမ်ဆောင်းအရောင်းပြခန်းများ
တွင် ရောင်းချပေးသွားမည်ဖြစ်သည်။

















