လေတိုက်နှုန်းနှင့်သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်များ တယ်လီနောစိုက်ထူ

လေတိုက်နှုန်းနှင့်သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်များ တယ်လီနောစိုက်ထူ

လေတိုက်နှုန်းနှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်များ 
စိုက်ထူထားကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ပြီးခဲ့သောရက်သတ္တပတ်တွင် 
သတင်းထုတ်ပြန်ထားသည်။

တာဝါတိုင်များကို ကချင်၊ ကယား၊ ကရင်ကဲ့သို့ ဒေသများတွင် လေတိုက်နှုန်း တစ်နာရီလျှင်
၁၃ဝ ကီလိုမီတာအထိနှင့် ရခိုင်ပြည်နယ်ရှိဒေသများတွင် အများဆုံးလေတိုက်နှုန်း
တစ်နာရီလျှင် ၂၂၅ ကီလိုမီတာအထိ ခံနိုင်ရည်ရှှိစေရန် တည်ဆောက်ထားပြီး ဧရာဝတီနှင့်
ရန်ကုန်ရှိဒေသများတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၉ဝ ကီလိုမီတာထိ ခံနိုင်စေရန်
ဒီဇိုင်းပြုလုပ်ထားသည်။

''ဆိုင်ကလုံးမုန်တိုင်းဒဏ် မကြာခဏခံစားရတဲ့ ရခိုင်လို ဒေသတွေမှာဆိုရင် ဆက်သွယ်
ရေးတာဝါတိုင်တွေကို တစ်နာရီ ၂၂၅ ကီလိုမီတာအထိ လေတိုက်နှုန်းကို ခံနိုင်ရည်ရှိ
အောင် တည်ဆောက်ထားတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့မုန်တိုင်းကြောင့် တာဝါတိုင်တွေ
ထိခိုက်ပျက်စီးမှု အလျဉ်းမရှိခဲ့ပါဘူး''ဟု တယ်လီနော၏ နည်းပညာ အရာရှိချုပ်
Jai Prakash က ပြောသည်။

မေ ၃ဝ ရက်က တိုက်ခတ်ခဲ့သည့် မိုရာဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်
ကိုးခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ်လေးခုတို့ကို လွှမ်းခြံုထားသော မိုဘိုင်းကွန်ရက်
အစိတ်အပိုင်းအချို့ ဆိုင်ကလုန်းတိုက်ခတ်ချိန်နှင့် တိုက်ခတ်ပြီးနောက်တွင် ခေတ္တပြတ်
တောက်ခဲ့ခြင်းသည် လေတိုက်ခတ်မှုအရှိန်ကြောင့် မိုက်ခရိုဝေ့အင်တင်နာများ
နေရာချိန်ထားမှုလွဲသွားခြင်းနှင့် လျှပ်စစ်မီးအားပေးမှု ပြတ်တောက်သွားရခြင်းတို့
ကြောင့်သာ ဖြစ်သည်။

တယ်လီနောမြန်မာသည် ၂ဝ၁၅ ခုနှစ်အစောပိုင်းမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီးတွင်
တာဝါတိုင်ပေါင်း ၆၁ဝ ကျော်ကို အသုံးပြုကာ တိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်ကို
ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ၂ဝ၁၆ ခုနှစ်မှ ကွန်ရက်စတင်ဝန်ဆောင်မှုပေးခဲ့သော
ရခိုင်ပြည်နယ်တွင် တာဝါတိုင်ပေါင်း ၂၂ဝ ခန့်ကို ပြည်နယ်၏ မြို့နယ်စုစုပေါင်း ၁၇ မြို့နယ်
စလုံးတွင် ဝန်ဆောင်ပေးလျက်ရှိကာ ချင်းပြည်နယ်တွင် တာဝါတိုင်ပေါင်း ၃ဝ ကျော်ရှိပြီး
မကြာမီ ကွန်ရက်ချိတ်ဆက်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် တာဝါတိုင် ရ,၅ဝဝ ကျော်ကို စိုက်ထူထားပြီး
သုံးစွဲသူ ၁၉ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်