ဆက်သွယ်ရေးကဏ္ဍအတွက် ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာသည် ထိုင်းနှင့်
မလေးရှားနိုင်ငံသို့ တစ်မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို ဇွန် ၁၂ ရက်မှ
စတင်ကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း တယ်လီနောမြန်မာမှ ဆက်သွယ်ရေးအရာရှိ
ဦးအဲလက်စ်ညီညီအောင်က ပြောသည်။
ယင်းအစီအစဉ်ကို ရယူသုံးစွဲသူသည် ထိုင်းနိုင်ငံရှိ dtac နှင့် မလေးရှားနိုင်ငံရှိ digi ဖုန်း
သုံးစွဲသူများထံသို့ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်မည့်အပြင် စာတို (SMS)
တစ်စောင်ကို ၁၅ ကျပ်ဖြင့် ပေးပို့နိုင်မည်ဖြစ်သည်။
''ထိုင်းနဲ့မလေးရှားကို အလည်ပဲဖြစ်ဖြစ် အလုပ်သွားလုပ်တာဘဲဖြစ်ဖြစ်သွားတဲ့ မြန်မာ
နိုင်ငံသားအရေအတွက်က အခြားနိုင်ငံတွေထက်စာရင် များတယ်လေ။ ဒီနှစ်နိုင်ငံမှာ
အလည်ပဲဖြစ်ဖြစ် အလုပ်လုပ်နေတာပဲဖြစ်ဖြစ် ရောက်နေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကို
အလွယ်တကူ ဆက်သွယ်လို့ရအောင် ဒီဝန်ဆောင်မှုတွေကို ဆောင်ရွက်တာပါ''ဟု
ဦးအဲလက်စ်ညီညီအောင်က ပြောသည်။
အဆိုပါဝန်ဆောင်မှုကို ရက် ၃ဝ သက်တမ်းအတွက် တစ်ကြိမ်စာရင်းပေးသွင်းခ ကျပ် ၂ဝဝ
ဖြင့်ရယူနိုင်မည်ဖြစ်ပြီး သုံးစွဲလိုပါက စာတိုနံပါတ် ၅ဝဝ သို့ CLIDD ဟုပေးပို့ကာရယူနိုင်ပြီး
Prepaid အသုံးပြုသူများသည် *979*2*5*1# သို့ဆက်သွယ်ကာ စာရင်းပေးသွင်း
အသုံးပြုနိုင်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုင်းနှင့်မလေးရှားသို့ မြန်မာနိုင်ငံတွင်းမှခေါ်ဆိုပါက ပုံမှန်ကျသင့်နှုန်းထားမှာ
တစ်မိနစ် ကျပ် ၂ဝဝ ဖြစ်ပြီး ယခုအစီအစဉ်ကိုအသုံးပြုပါက ပုံမှန်နှုန်းများထက် ၉ဝ ရာခိုင်
နှုန်းခန့် သက်သာစေမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက ဆိုသည်။
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ကလည်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ
သို့ တစ်မိနစ် ၅ဝ ဖြင့် ဖုန်းခေါ်ဆိုနိုင်မည့်အပြင် စာတိုတစ်စောင် ၁၅ ကျပ် ပို့ပေးနိုင်မည့်
အစီအစဉ်ကို မေလအတွင်းမှစတင်ကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။
















