အမျိုးအစား – Role-playing, Multiplayer
ထုတ်လုပ်သူ – Idle Games
ပလက်ဖောင်း – Android
Idle Heroes မိုဘိုင်းဂိမ်းနဲ့ နာမည်ကျော်လာတဲ့ Idle Games စတူဒီယိုက သူတို့ရဲ့ဒုတိယ
မြောက်ဂိမ်းအဖြစ် Avenger Legends ကိုထုတ်လုပ်ခဲ့ပါတယ်။ ပထမဂိမ်းရဲ့ပရိသတ်တွေ
အတွက်တော့ Avenger Legends ဟာ ကွဲပြားတဲ့ ဂိမ်းဖြစ်တယ်ဆိုတာလက်ခံထားရမှာပါ။
ကစားသူတွေက မိစ္ဆာတွေနှောင့်ယှက်နေတဲ့ ကမ္ဘာတစ်ခုကို ဟီးရိုးတွေစုစည်းပြီး ရှင်းလင်း
ပေးရမှာဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာ ဟီးရိုးခြောက်ကောင်အထိ အသုံးပြုနိုင်တာကြောင့်
တခြား Magic Rush စတိုင်ဂိမ်းတွေထက် အချိန်နဲ့ ငွေပိုကုန်နိုင်ပါတယ်။ ကစားရတဲ့ပုံစံ
ကတော့ ဟီးရိုးတွေကို စုဆောင်း၊ Upgrade တွေတင်၊ လက်နက်ကိရိယာတွေ တပ်ဆင်
ပေးပြီးပိုပိုခက်လာတဲ့ campaign တွေကို အဆင့်ဆင့်ရှင်းလင်းသွားရမှာပါ။
ဒီလိုအမျိုးအစားဂိမ်းတွေက ကစားလို့တော်တော်ကောင်းတဲ့ မိုဘိုင်းမာလ်တီပလေယာတွေ
ဖြစ်ပေမဲ့ သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ သူများထက်ပိုသာချင်ရင် စပယ်ရှယ်ဟီးရိုး
တွေကို တကယ့်ငွေကြေးနဲ့ဝယ်ဖြစ်အောင် ဆွဲဆောင်ဖို့ပါ။ Avenger Legends မှာဆိုရင်
ဟီးရိုးတွေကို S, A, B, C, D ဆိုပြီးအဆင့်ခွဲထားကာ ဟီးရိုးတွေကို ရရှိနိုင်မယ့် နည်းလမ်း
ကိုလည်း သုံးမျိုးလောက်ပေးထားပါတယ်။ ဒါပေမဲ့ အခုမှ စထွက်လာတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့
အတိုင်း ဆာဗာကလည်း လေးခုခန့်သာရှိသေးပြီး ကစားသူတွေကို level တော်တော်
မြင့်တဲ့ထိ ရှေ့ဆက်နိုင်အောင် ဟီးရိုးတွေရရှိမှာဖြစ်သလို နေ့စဉ်ပြုလုပ်ရတဲ့
quest တွေကလည်း ဘောနပ်စ်တွေ ရက်ရက်ရောရော ပေးထားပါတယ်။ မဟုတ်ရင်တော့
အချိန်အကြာကြီးပေးပြီး ကစားတဲ့သူတွေ ဆော့လို့ကောင်းတော့မှာမဟုတ်ဘူး။
အဓိကကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့ဟီးရိုးတွေကို အွန်လိုင်းမရှိရင်လည်း ပိုက်ဆံရှာ
နေအောင် adventure mode ပါဝင်တာ၊ Bounty mission လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့
ဟီးရိုးတွေကို ရွေးချယ်ခိုင်းစေတဲ့အခါ ကိုယ့်အတွက် လိုအပ်တဲ့အရာအမျိုးမျိုးကို ဆုကြေး
အဖြစ်ပြန်ရရှိနိုင်တဲ့ စနစ်ပါဝင်တာ၊ Upgrade လုပ်ဖို့ လိုအပ်တဲ့အရာတွေကို အလွယ်တကူ
ရရှိနိုင်တာပဲဖြစ်ပါတယ်။ လောလောဆယ်တော့ အန်းဒရွိုက်ပလက်ဖောင်းတစ်ခုတည်း
မှာပဲရှိပါသေးတယ်။

















