သုံးစွဲသူအချင်းချင်း ဖုန်းခေါ်ဆိုပါက ၁ဝ မိနစ်လျှင် ၉၉ ကျပ်သာ ကျသင့်မည့် ၁ဝ မိနစ်
ပက်ကေ့ချ်နှင့် ဒေတာသုံးစွဲသူများအတွက် Happy Data Combo ပက်ကေ့ချ်တို့ကို နိုင်ငံပိုင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ယခုလအတွင်း မိတ်ဆက်ခဲ့သည်။
အဆိုပါ ၁ဝ မိနစ်ပက်ကေ့ချ်ကို အမ်ပီတီ၏ ဆွေသဟာ၊ ရှယ်ပြောနှင့် Base Tariff
အစီအစဉ်ရယူထားသူများသည် *2220# သို့ ခေါ်ဆိုဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပြီး
သုံးစွဲသူများ လိုအပ်ချက်အတိုင်း တစ်နေ့တာအတွင်း အကြိမ်အရေအတွက် အကန့်အသတ်
မရှိ ဝယ်ယူနိုင်မည်ဖြစ်သည်။
အမ်ပီတီက မူလမိတ်ဆက်ပေးခဲ့သော ၃၉၉ ကျပ်သာ ကျသင့်သည့် တစ်နေ့လုံး ကြိုက်
သလောက်ပြော Daily Unlimited Voice Package အပြင် ယခု ၁ဝ မိနစ်ပက်ကေ့ချ်သည်
၁ဝ မိနစ်လျှင် ၉၉ ကျပ်သာ ကျသင့်မည့်အစီအစဉ်အသစ်ဖြစ်သည်။
ထို့နည်းတူ ယခုလအတွင်း ဒေတာအသုံးပြုသူများအတွက် Social Media များ၊ ဗီဒီယိုများ
ကြည့်ရှုရာတွင် နှစ်သက်အားရစေရန် ဒေတာအပိုဆုများပါဝင်သည့် Happy Data Combo
အစီအစဉ်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထိုအစီအစဉ်တွင် ဒေတာပမာဏအလိုက် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စသည့်ဖြင့် ကြိုက်
နှစ်သက်သည့် ဒေတာအမျိုးမျိုးကို ၃၉၉ ကျပ်မှ ၂၉,၉၉၉ ကျပ်အထိ စိတ်ကြိုက်ရွေးချယ်
ဝယ်ယူအသုံးပြုနိုင်ပြီး အွန်လိုင်းမှတစ်ဆင့် ဗီဒီယိုများ၊ Social application များကို ဒေတာ
အပိုဆုဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ ဒေတာအပိုဆုသည် ဖေ့စ်ဘွတ်ခ်၊ Viber၊၊ YouTube၊ Pyone Play mobile
အက်ပလီကေးရှင်းများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အစီအစဉ်တွင် ပါဝင်သည်
Happy Data Pack များကို *106# သို့ခေါ်ဆိုကာ USSD Menu သို့ ဝင်ရောက်
ရွေးချယ်ဝယ်ရယူနိုင်မည်ဖြစ်သည်။
















