အင်တာနက်မှတစ်ဆင့်ယူရန် အခက်အခဲရှိသည့် မိုဘိုင်းအက်ပလီကေးရှင်းတချို့ကို
အလွယ်တကူ ဒေါင်းလုတ်ပြုလုပ်နိုင်မည့် အက်ပလီကေးရှင်း (App Zone) ကို အူရီဒူး
မြန်မာက ယခုလ ၁၅ ရက်က မိတ်ဆက်ပြသခဲ့သည်။
ထို App Zone ၏အားသာချက်သည် အူရီဒူး အသုံးပြုနိုင်သည့် မည်သည့်နေရာတွင်မဆို
ရယူရန် ခက်ခဲသည့် Apps များကို အလွယ်တကူရယူနိုင်မည်ဖြစ်သည်။
''အရင်က သုံးခွင့်မရခဲ့တာတွေကို ဒီ App Zone ကတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ပြီး သုံးခွင့်
ရတော့မှာဖြစ်တဲ့အတွက် နှစ်သက်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်''ဟု အူရီဒူး
မြန်မာ၏ စျေးကွက်အရာရှိချုပ် မစ်ချာရတီဆက်ဖ်ဖို့ဒ်က ပြောသည်။
အဆိုပါ App Zone အသုံးပြုသူများသည် အီးမေးလ်ဖြင့် အချက်အလက်ဖြည့်သွင်း
မှတ်ပုံတင်ရန်မလိုဘဲ ဒေါင်းလုတ်ရယူပြီးသည်နှင့် မိမိကြိုက်နှစ်သက်သည့် အက်ပလီ
ကေးရှင်းများကို ဒေါင်းယူနိုင်မည်ဖြစ်သည်။
အဆိုပါ App Zone တွင် မိုဘိုင်းအက်ပလီကေးရှင်း တစ်သိန်းကျော်ကို ဒေါင်းလုတ်ရယူ
နိုင်မည့်အပြင် ၄င်းကို အန်းဒရွိုက်စနစ်သုံး မိုဘိုင်းဖုန်းများတွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။
App Zone ကိုရယူသုံးစွဲလိုပါက http://zone.ooredoo.com.mm/mm/appzone.aspx
တွင်ရယူနိုင်သလို *7799# သို့ ဖုန်းခေါ်ဆိုပြီးလည်း ရယူနိုင်သည်။

















