ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ်တွင် တယ်လီနော 4G ကွန်ရက် ဝန်ဆောင်မှုရယူနိုင်

ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ်တွင် တယ်လီနော 4G ကွန်ရက် ဝန်ဆောင်မှုရယူနိုင်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်၂၉ မြို့နယ်တွင် 
တယ်လီနော မြန်မာ၏ 4G/LTE ဝန်ဆောင်မှု ရရှိနေပြီဖြစ်ကြောင်း ဇွန် ၁၅ ရက်က ကျင်းပ
ပြုလုပ်သည့် တယ်လီနော 4G မိတ်ဆက်ပွဲတွင် တယ်လီနောမြန်မာ စျေးကွက်ဖော်ဆောင်
ရေးအရာရှိချုပ် ဲ Joslin Myrthong က ပြောသည်။

အဆိုပါ မြို့နယ် ၂၉ မြို့နယ်မှာ ဗဟန်း၊ ဗိုလ်တထောင်၊ ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့)၊ ဒဂုံမြို့
သစ် (မြောက်)၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်
တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊
ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ တာမွေ၊
သာကေတ၊ သန်လျင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
တွင် တယ်လီနောမြန်မာသည် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်ကို အသုံးပြုကာ 4G  ကွန်ရက်ကို
ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး ၁ဝ လတာကာလအတွင်း ၂,၁ဝဝ မဂ္ဂါဟတ်ဇ်နှင့် ၉ဝဝ မဂ္ဂါ
ဟတ်ဇ်ကို အသုံးပြု 4G ဝန်ဆောင်မှုကို မြို့ ၂၅ မြို့တွင် မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း
၄င်းက ပြောသည်။

ထို့ပြင် ၁,၈ဝဝ မဂ္ဂါဟတ်ဇ် အသုံးပြုကာ မြို့ကြီးများနှင့် မြို့ပြများတွင် ပိုမိုများပြားသည့်
ဝန်ဆောင်မှုများ တိုးချဲ့ပေးအပ်မည်ဖြစ်ကြောင် Joslin Myrthong က ပြောသည်။

တယ်လီနောမြန်မာသည် ယခုကဲ့သို့ 4G  ဝန်ဆောင်မှုပေးရာတွင် ယခင် 3G  ပေးခဲ့သော
ဝန်ဆောင်မှုနှုန်းထားတိုင်းသာ ပေးအပ်မည်ဖြစ်ပြီး စျေးနှုန်းပြောင်းလဲကောက်ခံမှုများ
မရှိကြောင်း ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

တယ်လီနောမြန်မာ၏ 4G အသုံးပြုလိုသူများသည် ယခုလ ၁၆ ရက်ကစတင်ကာ စာတို
နံပါတ် ၄၄၄ သို့ 4G ဟုပေးပို့ကာ တစ်ရက်လျှင် ၃ဝဝ မဂ္ဂါဘိုက် အခမဲ့ဒေတာကို ခုနစ်ရက်
တိတိ ရယူနိုင်မည်ဖြစ်သည်။ ယင်းအခမဲ့ဒေတာကို ရက် ၃ဝ အတွင်းသာ ရယူနိုင်မည်ဖြစ်
သည်။

ထို့ပြင် တယ်လီနော 4G အသုံးပြုကာ Pyone Play အပ်ပလီကေးရှင်းက ဗီဒီယိုများကို
ခုနစ်ရက်အထိ အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာသည် မေလအတွင်း၌ ၁၈ဝဝ မဂ္ဂါဟတ်ဇ် လှိုင်းနှုန်းကိုရရှိခဲ့ပြီး ယခုအခါ
သုံးစွဲသူ ၁၉ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိကာ သုံးစွဲသူ စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်း
သည် အင်တာနက်အသုံးပြုသူများ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်