4G/LTE ကွန်ရက်အတွက် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားဟု အမ်ပီတီဆို

4G/LTE ကွန်ရက်အတွက် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားဟု အမ်ပီတီဆို

 

နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် နောက်ဆုံးပေါ်နည်းပညာဖြစ်သည့် 
4_4 Multiple Input Multiple Output (MIMO) ကို အသုံးပြုကာ 4G/LTE ကွန်ရက်ကို 
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ဇွန် ၁၉ ရက်
က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင်ကျင်းပခဲ့သည့် အမ်ပီတီ 4G/LTE မိတ်ဆက်ပွဲတွင်
MPT-KSGM Joint Operation ၊ စီးပွားရေးရာဌာန Deputy Chief Commercial Officer 
ဦးသိန်းဟုတ်က ပြောသည်။

အဆိုပါနည်းပညာသည် 4G/LTE 2_2 MIMO ထက် ဒေတာမြန်နှုန်းနှစ်ဆပိုမိုပြီး အမြင့်ဆုံး
ဒေတာစီးဆင်းမှုနှုန်းကိုလည်း ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြောကြား
သည်။

ထို့ပြင် အမ်ပီတီLTE+ ကွန်ရက်ကတစ်ဆင့် အင်တာနက်မြန်နှုန်း 75Mbps မှ 150 Mbps 
အထိ တိုးမြှင့်အသုံးပြုနိုင်ပြီး အဆိုပါကွန်ရက်ကို မေလအတွင်းက နေပြည်တော်၊ ရန်ကုန်
နှင့်မန္တလေးမြို့များရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် မိတ်ဆက်ခဲ့ပြီးဖြစ်သည်။

''အခုဆို LTE+ ဝန်ဆောင်မှုကို ရန်ကုန်မြို့ရှိ မြို့နယ် ၃၂ မြို့နယ်နဲ့ မန္တလေးနဲ့နေပြည်တော်
မှာလည်း ဝန်ဆောင်မှုပေးနေပါပြီ''ဟု MPT-KSGM Joint Operation ၊ အမှုဆောင်အရာရှိ
ချုပ် မစ္စတာတိုရှိတခဲအာမမိရက ပြောသည်။

အဆိုပါLTE+ ကွန်ရက်ကို ဇူလိုင်လတွင် ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာနှင့် ပုသိမ်မြို့
ကြီးများတွင် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သြဂုတ်လတွင် မြို့ကြီး ၂ဝ ကျော်နှင့်
စက်တင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ မြို့ကြီး ၃ဝ ကျော်တို့တွင်
ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဦးသိန်းဟုတ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်