Shop.com.mm အွန်လိုင်းစျေးဝယ် ဝက်ဘ်ဆိုက်မှတစ်ဆင့် အထူးလျှော့စျေးများဖြင့်
ရောင်းချပေးမည့် တစ်နှစ်တာအတွင်း အကြီးမားဆုံး အွန်လိုင်းမိုဘိုင်းစျေးရောင်းပွဲတော်
ကြီးကို ဇူလိုင် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း Shop.com.mm ထံမှ
သိရသည်။
အဆိုပါ အရောင်းပွဲတော်တွင် Samsung, Huawei. Sony, Singtech, Lenovo, Xiaomi,
Motorala စသည့်အမှတ်တံဆိပ်များကို အကောင်းဆုံးစျေးနှုန်းများဖြင့် ရောင်းချမည်ဖြစ်
သည်။
အရောင်းပွဲတော်၌ ဝယ်ယူသူများသည် အမျိုးမျိုးသော ဖုန်းအမှတ်တံဆိပ်များထဲမှ မိမိ
ကြိုက်နှစ်သက်သည့် မိုဘိုင်းဖုန်းများကို အများဆုံးလျှော့စျေး ၆ဝ ရာခိုင်နှုန်းဖြင့် ဝယ်ယူ
နိုင်ပြီး အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်သည်။
ထို့ပြင် စျေးပွဲတော်ကာလအတွင်း အထူးသီးသန့်လျှော့စျေးများဖြင့် ဖုန်းအပိုပစ္စည်းများ၊
Power Banks နှင့် Bluetooth Speakers များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
စျေးဝယ်ယူသူများသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဘဏ်အသီးသီးက ထုတ်သော
Visa Cards ကိုအသုံးပြုပါက ငါးရာခိုင်နှုန်း အပိုထပ်ဆောင်းလျှော့စျေးကိုလည်း
ရရှိမည်ဖြစ်သည်။
''စျေးဝယ်သူတွေကို အွန်လိုင်းကနေ Visa Cards နဲ့ စျေးဝယ်တဲ့အခါ လုံခြံုစိတ်ချမှုကို
ခံစားနိုင်စေဖို့ ကူညီပေးမှာပါ။ ဒါဟာ မြန်မာနိုင်ငံရဲ့ အွန်လိုင်းကုန်သွယ်မှု ပမာဏကို
ဆက်လက်ကြီးထွားနိုင်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ အသေအချာပါပဲ'' ဟု
မြန်မာနိုင်ငံဆိုင်ရာ၊ Visa Country Manager ၊ Mr. Arturo Planell က ပြောသည်။
ထို့သို့မိုဘိုင်းဖုန်းများကို အထူးစျေးနှုန်းများဖြင့် Shop.com.mm အွန်လိုင်းစျေးဝယ်
ဝက်ဘ်ဆိုက်တွင် ရောင်းချပေးသကဲ့သို့ ဇူလိုင် ၄ ရက်နှင့် ၅ ရက်တွင် ရန်ကုန်မြို့ရှိ
လှည်းတန်းစင်တာ၊ ဇူလိုင် ၆ ရက် နှင့် ရ ရက်တွင် မြန်မာပလာဇာနှင့် မန္တလေးတွင်
ဇူလိုင် ၈ ရက်နှင့် ၉ ရက်တွင် Shop.com.mm က အထူးစျေးနှုန်းများဖြင့် ရောင်းချမည်
ဖြစ်သည်။
















