မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် 4G/LTE
ကွန်ရက်ကို တိုးချဲ့ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း တယ်လီနောမြန်မာက ဇွန် ၂၃ ရက်
တွင် သတင်းထုတ်ပြန်သည်။
အဆိုပါဝန်ဆောင်မှုကို ကချင်ပြည်နယ်ရှိ မြို့နယ် ၁၅ မြို့နယ်တွင် ဝန်ဆောင်မှုပေးလျက်
ရှိကြောင်း၊ ပြီးခဲ့သော ၁ဝ လခန့်က ကယားနှင့် ချင်းပြည်နယ်ကလွဲ၍ နေပြည်တော်အပါ
အဝင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအာလုံးရှိ မြို့ကြီး ၂၅ မြို့တွင် 4G ဝန်ဆောင်မှုကို
ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း တယ်လီနောမြန်မာက ဆိုသည်။
''ဝန်ဆောင်မှုကို အခုလိုတိုးချဲ့ပေးအပ်နိုင်တာဟာ သုံးစွဲသူတွေ ဘယ်နေရာမှာနေနေ
ရရှိသုံးစွဲနိုင်စေရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးမှု တစ်စိတ်
တစ်ဒေသဖြစ်ပါတယ်''ဟု တယ်လီနော၏ စျေးကွက် ဖော်ဆောင်ရေးအရာရှိချုပ်
Joslin Myrthong က ပြောသည်။
ကျန်ရှိနေသေးသည် ကယားနှင့် ချင်းပြည်နယ်တို့ကိုလည်း ယခုနှစ်အတွင်း 4G
ဝန်ဆောင်မှုပေးအပ်ရန် အစီအစဉ်ရှိကြောင်း တယ်လီနောမြန်မာ၊ Cooperate
Communications အရာရှိ အဲလက်စ်ညီညီအောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။
တယ်လီနောမြန်မာသည် မြန်မာတစ်နိုင်ငံလုံး တာဝါတိုင် ပေါင်း ရ,၅ဝဝ ကျော်ဖြင့်
သုံးစွဲသူ ၁၉ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

















