တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ ဟွာဝေးက ထုတ်လုပ်လိုက်သည့်
Huawei Y စီးရီး Y7 Prime၊ Y6 II Prime နှင့် Y6 II Prime စမတ်ဖုန်းများ ပြည်တွင်း
စျေးကွက်သို့ရောက်ရှိပြီဖြစ်ကြောင်း ဟွားဝေးက ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်
ထားသည်။
စျေးကွက်သို့ အသစ်ရောက်လာသော အဆိုပါစမတ်ဖုန်း Y7 Prime နှင့် Y6 II Prime
မျက်နှာပြင်သည် ၅ ဒသမ ၅ လက်မရှိပြီး Y5 2017 မှာမူ မျက်နှာပြင်အကျယ်ငါးလက်မ
ရှိသည်။ Y7 Prime တွင် မြန်ဆန်သော လုပ်ဆောင်ချက်များအပါအဝင် နောက်ဆုံးပေါ်
Android N ကိုအခြေခံကာ EMUI 5.1 နှင့်ဖန်တီးထားပြီး 3GB RAM နှင့်
Internal memory 32 GB ကိုအသုံးပြုထားကာ နောက်ကင်မရာ ၁၂ မဂ္ဂါဟတ်ဇ်နှင့်
ရှေ့ကင်မရာ ၈ မဂ္ဂါပစ်ဇယ်တို့ပါဝင်သည်။ ထို့ပြင် 4000 mAh ဘက်ထရီကို အသုံးပြုထားသည်။
Y6 II Prime ကိုလည်း Google Android 6.0 နှင့်ဖန်တီးထားသည့်အတွက် ဂူဂဲလ်၏
Operating System ကို အပြည့်အဝခံစားနိုင်ပြီး နောက်ကင်မရာ ၁၃ မဂ္ဂါပစ်ဇယ်နှင့်
ရှေ့ကင်မရာ ၈ မဂ္ဂါပစ်ဇယ်ကို အသုံးပြုထားကာ 3GB RAM နှင့် Internal memory 32
GB ပါဝင်၍ 3000 mAh ဘက်ထရီကို အသုံးပြုထားသည်။
Y5 2017 တွင် Flash မီးနှစ်လုံးပါဝင်ပြီး ၈ မဂ္ဂါပစ်ဇယ် နောက်ကင်မရာပါဝင်ကာ
ရှေ့ကင်မရာသည် ပုံရိပ်များကို သဘာဝကျကျ လှပစေမည်ဖြစ်ရာ 3000 mAh
ဘက်ထရီကို အသုံးပြုထားသည်။ စျေးကွက်တွင် Y7 Prime ကို ရွှေရောင်၊ မီးခိုရောင်နှင့်
ငွေရောင်ရရှိနိုင်ပြီး ကျပ် ၂၇၉,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။ Y6 II Prime ကို
ရွှေရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ဖြင့် ထုတ်လုပ်ထားကာ ကျပ် ၂၃၉,ဝဝဝ ဖြင့်
ဝယ်ယူရရှိနိုင်မည်ဖြစ်ရာ Y5 2017 ကို အဖြူရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်တို့ဖြင့်
ရရှိနိုင်ကာ ကျပ် ၁၇၉,ဝဝဝ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

















