အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၂ မြို့နယ်တွင် 4G ကွန်ရက်ဝန်ဆောင်
မှုပေးလျက်ရှိပြီး လူဦးရေ ငါးသန်းနီးပါးအသုံးပြုနိုင်ပြီဖြစ်ကြောင်း အူရီဒူးမြန်မာက ဇွန် ၂၈
ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို ရန်ကုန်တိုင်းဒေသကြီးတွင် အလုံ၊ ဗဟန်း၊
ဗိုလ်တထောင်၊ ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့)၊ ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(တောင်)၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒလ၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကမာရွတ်၊
ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မင်္ဂလာ
တောင်ညွန့်၊ မြောက်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ သံလျင်၊ သင်္ဃန်းကျွန်း ၊ တွံတေးနှင့်
ရန်ကင်းမြို့နယ်များတွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊
မဟာအောင်မြေ၊ ညောင်ဦး၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်၊ စဉ့်ကိုင်၊ တံတားဦးနှင့် မကွေး
တိုင်းဒေသကြီး မကွေးမြို့နယ်တွင် အူရီဒူး 4G ကွန်ရက်ကို အသုံးပြုနိုင်ပြီး နေပြည်တော်
ကောင်စီနယ်မြေတွင် ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ ဇမ္ဗူသီရိနှင့်
ဇေယျသီရိများတွင် အသုံးပြုနိုင်ပြီဖြစ်သည်။
အူရီဒူးမြန်မာသည် ၂ဝ၁၇ ခုနှစ်၊ မေ ၁၅ ရက်တွင် လှိုင်းနှုန်းစဉ် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်
အသုံးပြုခွင့်ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၈ဝ ရင်းနှီးမြှုပ်နှံခဲ့သည်။
လက်ရှိတွင် 4G ကွန်ရက်ဝန်ဆောင်မှုပေးထားသော ဆိုက်များတွင် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်
လှိုင်းနှုန်းစဉ်ဖြင့် အဆင့်မြှင့်တင်ကာ ဝန်ဆောင်မှုပေးလျက်ရှိပြီး မြို့နယ်အများအပြား
တွင်လည်း 4G ကွန်ရက်ချဲ့ထွင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

















