Free to Play
ထုတ်လုပ်သူ – Epic Action LLC
အမျိုးအစား – Building Sim, Strategy
ပလက်ဖောင်း – iOS, Android
Final Fantasy လို့ဆိုလိုက်ရင် ကွန်ဆိုးဂိမ်းစက်တွေပေါ်က ဂန္ထဝင် RPG ဂိမ်းစီးရီးကြီးကို
သတိရ ကြမှာပါ။ Final Fantasy စီးရီးရဲ့ဖန်တီးသူ Square Enix ဟာ မိုဘိုင်းစျေးကွက်ကို
မျက်စိကျနေတာ တော်တော်ကြာခဲ့ပါပြီ။
ယခင် FF ဂိမ်းကောင်းတချို့ကို မိုဘိုင်းပေါ်သို့ အမြင်ပိုင်း ပြုပြင်ချက်တချို့နဲ့အတူ ပြန်လည်
တင်ပေးခဲ့သလို FF Tactics လို ဂိမ်းမျိုးတွေကိုလည်း မိုဘိုင်းပလက်ဖောင်းပေါ်မှာ
ရောင်းချဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကွန်ဆိုးမှာ အမာခံပရိသတ် များပြားသော်လည်း သူ့ရဲ့
ကြီးမားတဲ့ဇာတ်အိမ်နဲ့ စီးရီးနောက်ခံကမ္ဘာကို မိုဘိုင်းပလက်ဖောင်းပေါ်က သာမန်
casual ပရိသတ်အင်အားက လိုက်မလာခဲ့ပါဘူး။
ယခုအခါမှာတော့ နောက်တစ်ကြိမ်ကြိုးစားမှုအဖြစ် Final Fantasy XV ဂိမ်းထဲက
ဇာတ်ကောင်တွေနဲ့ နောက်ခံဇာတ်လမ်းအပါအဝင် ဂိမ်းကမ္ဘာကို Epic Action LLC စတူ
ဒီယိုထံသို့ လွှဲပြောင်းပေးခဲ့ပြီး သူတို့ရဲ့စတိုင်မဟုတ်တဲ့ မိုဘိုင်း ကစားသူတွေ အသားကျပြီး
သား Simulation Strategy ပုံစံမျိုးနဲ့ ထပ်မံပေါ်ထွက်လာပြန်ပါတယ်။
Epic Action LLC ဆိုတာကတော့ မိုဘိုင်းပေါ်မှာGame of War, Mobile Strike စတဲ့
မိုဘိုင်းဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Machine Zone ဂိမ်းစတူဒီယိုပါပဲ။ သူတို့က ကိုယ့်ရဲ့
မြို့တစ်မြို့ကို အင်အားတောင့်တင်းအောင် အဆင့်ဆင့် Upgrade တင်၊ စစ်တပ်အင်အား
တည်ဆောက်ကာ မာလ်တီပလေယာအဖြစ် တခြားကစားသူတွေနဲ့ ယှဉ်ပြိုင်ရတဲ့
ပုံစံမျိုးထဲကို င်္င်္ ဇာတ်ကောင်တွေ ထည့်သွင်းလာတာပါပဲ။
ကစားသူက Insomnia ဘုရင့်တိုင်းပြည်ကြီးကို ပြန်လည်ထူထောင်ရမှာဖြစ်ပြီး
Noctis အပါအဝင် FFXV ကမ္ဘာထဲက ဇာတ်ကောင်တွေကလည်း ကူညီသွားမှာပါ။ ကစား
ပုံကတော့ Clash of Kings လိုပုံစံနဲ့ဆင်တူပြီး ဂရပ်ဖစ်ကိုတော့ ခမ်းခမ်းနားနားဖြစ်အောင်
အသုံးပြုထားပါတယ်။ တရားဝင်ခွင့်ပြုချက်ရရှိထားတဲ့အတွက် မူရင်းဂိမ်းထဲက
ဇာတ်ကောင်တွေနဲ့ ဒီဇိုင်းတွေကို စိတ်ကြိုက်ထည့်သွင်းအသုံးပြုခွင့်ရထားတာကြောင့်
လည်း လှပခမ်းနားနေတာ ဖြစ်နိုင်ပါတယ်။
ဒီဂိမ်းဟာ မိုဘိုင်းပေါ်မှာ မြင်တွေ့နေကြ မာလ်တီပလေယာ Building Sim အမျိုးအစားကို
FFXV ဇာတ်အိမ်နဲ့ ပေါင်းထားတာပါပဲ။ ကစားသူတွေက ကိုယ့်ရဲ့ Town Hall နဲ့
မြို့အဆောက်အအုံတွေ၊ တပ်တွေကို အင်အားစုဆောင်းပြီး တခြားကစားသူတွေနဲ့
ထိပ်တိုက်ရင်ဆိုင်ရတဲ့ပုံပါ။
ဒါပေမဲ့ Freemiumာ လို့ခေါ်တဲ့ဂိမ်းကို အခမဲ့ရယူနိုင်သော်လည်း အစောပိုင်းကာလတွေက
လွဲရင် နောက်ပိုင်းမှာ ရှေ့ဆက်နိုင်ဖို့အတွက် ပိုက်ဆံနဲ့ဆက်ပြီး အင်အားဖြည့်ရတဲ့ပုံစံမျိုး
ပါပဲ။ တခြားကစားသူတွေထက်သာဖို့ ဂူးဂဲလ်ပလေးစတိုးမှာ ဒေါ်လာတွေအသုံးပြုမယ့်
သူမျိုးတွေအတွက်တော့ အဆင်ပြေမှာပါ။
ဂိမ်းရဲ့အသွင်ပြင် user interface က စာသားတွေနဲ့ရှုပ်ထွေးပြီး လှုပ်ရှားမှုနည်းသလို
ပိုက်ဆံသုံးပြီး resource, currency တွေဝယ်ဖို့ ကြော်ငြာတွေခဏခဏပေါ်လာတတ်
ပါတယ်။
FFXV : A New Empire ဟာ မိုဘိုင်းပလက်ဖောင်းပေါ်မှာ Final Fantasy ရဲ့အရှိန်အဝါ
ကိုယူပြီး ငွေတွင်းဖော်တဲ့ ဂိမ်းမျိုးလို့ဆိုရင် မှားမယ်မထင်ပါဘူး။ Pay to Win ဂိမ်းတွေ
မိုဘိုင်းပေါ်မှာ ခေတ်စားလာတာ ကြာပြီဖြစ်ပြီး မာလ်တီပလေယာယှဉ်ပြိုင်မှုမှာ အမြန်အေ
ပါ်ရောက်ဖို့ ပုံမှန်ငွေသုံးစွဲရမှာ မကြောက်တဲ့သူတွေကတော့ အဆင်ပြေနိုင်ပါတယ်။
လှပတဲ့ ရှုခင်းတွေ၊ တိုက်ပွဲတွေနဲ့ ကိုယ့်အချစ်တော် FFXV ဇာတ်ကောင်တွေကို တိုင်းပြည်
ဟီးရိုးအဖွဲ့အဖြစ် အသုံးပြုနိုင်တဲ့ A New Empire ကတော့ ကောင်းမွန်တဲ့
strategy မိုဘိုင်းဂိမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

















