ပြည်တွင်းစျေးကွက်သို့ PROLINK Mouse အသစ်နှစ်မျိုး ဝင်ရောက်လာ

ပြည်တွင်းစျေးကွက်သို့ PROLINK Mouse အသစ်နှစ်မျိုး ဝင်ရောက်လာ

စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် PROLINK0 ကုမ္ပဏီက အသစ်
ထပ်မံ ထုတ်လုပ်လိုက်သည့် PMC 1005 Model Wired Mouse နှင့် 
PMC 5005 Wireless Mouse အမျိုးအစားနှစ်မျိုး ပြည်တွင်းစျေးကွက်တွင် စတင်ဖြန့်ဖြူး
ရောင်းချနေပြီဖြစ်သည်။

အဆိုပါ အသစ်ဝင်ရောက်လာသော PMC 1005 Model Wired Mouse သည် Wired 
စနစ်နှင့် USB Interface ဖြစ်ပြီး 1200 DPI Optical Sensor ကို အသုံးပြုထားကာ
ဆန်းသစ်သော Scroll Whell ကို ထည့်သွင်းထားသောကြောင့် ဒီဇိုင်းနှင့် သက်သောင့်
သက်သာဖြစ်သော ခံစားမှုအတွေ့အကြံုသစ်ကို ရရှိနိုင်မည်ဖြစ်သည်။

တိကျသေချာသော ရွေ့လျားမှုများနှင့် မျက်နှာပြင်မျိုးစုံပေါ်တွင် ရွေ့လျားနိုင်ရန်
Optical Sensor ကိုအသုံးပြုထားကာ ဒီဇိုင်း ၁ဝ မျိုးအထိ ရွေးချယ်အသုံးပြုနိုင်မည်
ဖြစ်သည်။

အဆိုပါ အသစ်ဝင်ရောက်လာသည့် PMC 5005 Wireless Mouse တွင် Wireless စနစ်
2.4GHz ဖြစ်ပြီး 1600 DPI Optical Sensor ကို တပ်ဆင်ထားကာ စွမ်းရည်မြင့်သော
Nano USB Receiver က ကွန်ပျူတာဖြင့် ချိတ်ဆက်မှုကို ဆောင်ရွက်ပေးသည်။

ထို့ပြင် ၁ဝ မီတာအကွာအဝေးတွင် ကောင်းစွာ အသုံးပြုနိုင်သည့်အတွက် အိမ်သုံး၊
ရုံးသုံးနှင့် လုပ်ငန်းသုံးများအတွက် သင့်တော်ပြီး အသုံးမပြုချိန်တွင် Sleep Mode
Function က Mouse ပါဝါသုံးစွဲမှုကို လျှော့ချပေးပြီး Hyper-Fast Scrolling က
ရှည်လျားသော စာဖိုင်များကို ပြတ်တောက်မှုမရှိ စဉ်ဆက်မပြတ် ရွေ့လျားနိုင်စေကာ
ဒီဇိုင်းငါးမျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

အဆိုပါ PROLINK မှ အသစ်ထုတ်လုပ်လိုက်သည့် Mouse အသစ်များဖြစ်သော
PMC 1005 Model Wired Mouse တွင် အာမခံ တစ်နှစ်ပါဝင်ကာ ကျပ် ၄,၆ဝဝ ဖြင့်
လည်းကောင်း၊ PMC 5005 Wireless Mouse တွင် အာမခံ နှစ်နှစ်ပါဝင်ကာ ကျပ်
၁၁,ဝဝဝ ဖြင့်လည်းကောင်း MRS Computer and Network Sale Center နှင့်
KMD Computer and Mobile Sales Center များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်