ပြိုင်ပွဲကျင်းပမှုပုံစံကို အကြီးစားပြောင်းလဲမယ့် Valve

ပြိုင်ပွဲကျင်းပမှုပုံစံကို အကြီးစားပြောင်းလဲမယ့် Valve

နှစ်ပတ်လည် The Internationals Dota 2 ပြိုင်ပွဲကြီးကို ကျင်းပဖို့ တစ်လတိတိအလိုမှာ 
Valve ကုမ္ပဏီမှ စိတ်ဝင်စားစရာကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကတော့ ၂ဝ၁၅ ခုနှစ်ကနေစတင်ပြီး ကြေညာခဲ့တဲ့ အဓိကမေဂျာပြိုင်ပွဲကြီးတွေ
အားလုံးကို Valve မှ လက်ဝါးကြီးအုပ်ထားခြင်းကို ဖြေလျှော့သွားဖို့နဲ့ တတိယပါတီအဖွဲ့
အစည်းတွေက ကျင်းပတဲ့ ပြိုင်ပွဲတွေကို ပိုပြီးအားပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

Source 2 engine ပြောင်းလဲခါနီးမှာ သူတို့ရဲ့ တစ်နှစ်မှာတစ်ခါ ကျင်းပနေတဲ့
The Internationals ပြိုင်ပွဲတွေအပြင် သုံးလတစ်ခါ မေဂျာပြိုင်ပွဲတွေကို ကျင်းပသွားဖို့
Valve မှ ကြေညာခဲ့ပြီး ကမ္ဘာအနှံ့က ဖရန့်ဖွတ်၊ မနီလာ၊ ရှန်ဟိုင်း အစရှိတဲ့ မြို့ကြီးတွေမှာ
ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲတိုင်းရဲ့ စုစုပေါင်းဆုကြေးငွေပမာဏက ဒေါ်လာသုံးသန်းဖြစ်ကာ
သက်ဆိုင်ရာ compendium တွေကို ရောင်းချရတဲ့ ပိုက်ဆံတွေကိုတော့ ဆုကြေးထဲ
ထည့်ပေါင်းပေးခြင်း မရှိပါဘူး။ ဒါ့ကြောင့် ကစားသူများနဲ့ ပြိုင်ပွဲကျင်းပလိုသူ အဖွဲ့အစည်း
တွေထံကနေ ဝေဖန်မှုတွေ ထွက်ရှိခဲ့ပါတယ်။

The Internationals ပြိုင်ပွဲတွေမှာ ဆုကြေးငွေကို ဒေါ်လာတစ်သန်းခွဲသာ မတည်ပေး
ထားပေမဲ့ compendiumာ သို့မဟုတ် battle pass လို့ခေါ်တဲ့ digital အချက်အလက်နဲ့
အကူအညီစာအုပ်တစ်မျိုးကို ရောင်းချကာ ရရှိလာတဲ့ငွေထဲက လေးပုံတစ်ပုံကို ဆုကြေး
ငွေထဲပေါင်းထည့်ပေးလေ့ရှိပါတယ်။ ဒီလို လေးပုံတစ်ပုံပဲ ထည့်ပေးတဲ့ဆုကြေးငွေ
ကတောင် ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ပွဲမှာ ဒေါ်လာ သန်း ၂ဝ ကျော် ရရှိခဲ့တာပါ။

မေဂျာပြိုင်ပွဲတွေ မကျင်းပခင်က Valve မဟုတ်တဲ့ အခြားပြိုင်ပွဲကျင်းပသူတွေကလည်း
အလားတူရောင်းချမှုတွေ ပြုလုပ်ခဲ့ကြပြီး သူတို့ရဲ့ ပြိုင်ပွဲကြည့်ခွင့်လက်မှတ်ဝယ်သူတွေကို
လည်း ဂိမ်းထဲမှာ ဝတ်ဆင်နိုင်တဲ့ item တွေ ရောင်းချပေးခဲ့ကြပါတယ်။ ဒါပေမဲ့ မေဂျာ
ပြိုင်ပွဲတွေ စတင်လာတဲ့အချိန်ကစပြီး ဒီလိုရောင်းချခွင့်လည်း မရှိတော့ပါဘူး။

ယခုအခါမှာတော့ Valve ရဲ့ နောက်ဆုံးကြေညာချက်အရ သူတို့ဟာ တတိယပါတီအဖွဲ့
အစည်းတွေကနေကျင်းပမယ့် ပြိုင်ပွဲတွေကိုသာ မေဂျာနဲ့ မိုင်နာဆိုပြီး သတ်မှတ်ကာ
ပံ့ပိုးသွားတော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲတွေရဲ့ဆုကြေးငွေစုစုပေါင်း ပမာဏပေါ်မူတည် ခွဲခြားသွားမှာဖြစ်ပြီးတော့ ဒေါ်လာ
ငါးသိန်းနဲ့အထက် ချီးမြှင့်မယ့် ပြိုင်ပွဲတွေအတွက် Valve ကလည်း ဒေါ်လာငါးသိန်း
ထပ်ပေါင်းပေးသွားပြီး ဒေါ်လာတစ်သန်းတန် မေဂျာပြိုင်ပွဲတွေအဖြစ် သတ်မှတ်သွားမှာပါ။

ဒေါ်လာတစ်သိန်းခွဲနဲ့အထက် ဆုကြေးပေးမယ့်ပြိုင်ပွဲတွေကိုလည်း နောက်ထပ်ဒေါ်လာ
တစ်သိန်းခွဲစိုက်ထုတ်ပေးမှာဖြစ်ကာ စုစုပေါင်း ဒေါ်လာသုံးသိန်းတန် မိုင်နာပြိုင်ပွဲများအဖြစ်
သတ်မှတ်ဆော့ကစားစေမှာဖြစ်တယ်။

ပြိုင်ပွဲတွေ ရက်တိုက်နေရင် ယှဉ်ပြိုင်မယ့်ကစားသမားတွေနဲ့ အသင်းတွေ အခက်အခဲ
မဖြစ်ရအောင် ဒီပြိုင်ပွဲတွေကျင်းပမဲ့ပုံစံနဲ့ ရက်စွဲတွေကိုတော့ Valve ကနေပဲ စီမံခန့်ခွဲသွား
မှာပါ။

နောက်ထပ်လိုအပ်ချက်အနေနဲ့ကတော့ လက်ရှိကစားသူတွေအတွက် ခွဲခြားသတ်မှတ်
ပေးထားတဲ့ ဇုန်ခြောက်ခုဖြစ်တဲ့ တောင်အမေရိက၊ မြောက်အမေရိက၊ အရှေ့တောင်
အာရှ၊ တရုတ်၊ ဥရောပနဲ့ ဓနသဟာယနိုင်ငံဇုန်တွေကနေ အနည်းဆုံးတစ်သင်းစီ ပြိုင်ပွဲမှာ
ပါဝင်ရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေရဲ့ ဆုကြေးငွေပမာဏအပေါ်မှာ အမှတ်သတ်မှတ်သွားမှာဖြစ်ပြီး ကစားသမား
တွေနဲ့ အသင်းတွေကို သူတို့ရရှိတဲ့ ဆုကြေးငွေ၊ ပြိုင်ပွဲမှာရပ်တည်ခဲ့တဲ့အဆင့်တွေအပေါ်
အမှတ်ပေးသွားမှာပါ။ တစ်နှစ်အတွင်း အမှတ်အများဆုံးရရှိခဲ့တဲ့ ကစားသမားနဲ့ အသင်း
တွေကို The Internationals ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးသွားမယ်လို့
ဆိုပါတယ်။

ဒီပြောင်းလဲမှုဟာ ဒေသတွင်းနဲ့ ပြည်တွင်းက ပွဲစီစဉ်လိုသူတွေ၊ ကစားသမားတွေအတွက်
တော့ ပိုပြီးအကျိုးရှိလာနိုင်ပေမဲ့ မြန်မာပြည်တွင်းအနေနဲ့ဆိုရင်တော့ အလှမ်းဝေးတဲ့
ဆုကြေးငွေပမာဏနဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

ယခုနှစ်အတွင်းကျင်းပခဲ့တဲ့ မေဂျာပြိုင်ပွဲတွေနဲ့ မကြာခင်ကျင်းပမယ့် The Internationals 
ပွဲအတွက် မြန်မာအသင်းတွေ ဝင်ရောက် လက်ရည်စစ်ယှဉ်ပြိုင်ခဲ့ကြသော်လည်း
မအောင်မြင်ကြသေးသလို ပြည်တွင်းမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ ဆုကြေးငွေပမာဏ
ကလည်း နည်းပါးသေးတဲ့အတွက် မေဂျာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင် ကျင်းပခွင့်ရရှိရေး
ထက် မိုင်နာပြိုင်ပွဲတွေမှာ အမှတ်ရအောင် အရင်ကြိုးစားရမယ့်ပုံ ဖြစ်နေသေးပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်