ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေထံမှ ဒေါ်လာတစ်သိန်းကျော် ရရှိခဲ့တဲ့ ကောမစ်အက်ပလီကေးရှင်း

ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေထံမှ ဒေါ်လာတစ်သိန်းကျော် ရရှိခဲ့တဲ့ ကောမစ်အက်ပလီကေးရှင်း

မြန်မာနည်းပညာ start-up တစ်ခုဖြစ်တဲ့ ကောမစ်အက်ပလီကေးရှင်း White Merak ဟာ
ပြည်တွင်းနည်းပညာ ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၁၄ဝ,ဝဝဝ ကို ဇူလိုင် ၆ ရက်က 
ရရှိခဲ့ပြီး ကုမ္ပဏီရဲ့ရှယ်ယာ ၂၃ ဒသမ ၃၃၃ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

အခုလို ဝယ်ယူရင်းနှီးမြှုပ်နှံမှုကြောင့် လူငယ်တွေရဲ့ animated comic တွေကို အဓိက
ထားတဲ့ White Merak ရဲ့တန်ဖိုးဟာ ဒေါ်လာခြောက်သိန်းအထိ ရှိလာခဲ့ပါတယ်။

ဖန်တီးရာ accelerator အစီအစဉ်မှာပါဝင်ပြီး သက်တမ်း ၁ဝ လကျော်ပြီဖြစ်တဲ့ အဆိုပါ
ကောမစ်အက်ပလီကေးရှင်းကို အခမဲ့ဒေါင်းလုတ်ဆွဲရယူနိုင်ကာ ပြည်တွင်းက လူငယ်
ပညာရှင်တွေရဲ့ ကောမစ်ရုပ်ပြတွေကို ဖတ်ရှုဖို့ Red Dot Pay ကဖြစ်စေ၊ ဖုန်းဘေလ်များ၊
Wave Money စတဲ့ ငွေပေးခြေမှုပုံစံမျိုးနဲ့ဖြစ်စေ ဝယ်ယူဖတ်ရှုနိုင်မှာပါ။

ယခုရင်းနှီးမြှုပ်နှံမှုကိုတော့ မြန်မာနိုင်ငံ နည်းပညာနယ်ပယ်က လူငယ်လုပ်ငန်းရှင်တွေကပဲ
ပြုလုပ်ခဲ့ကြတာဖြစ်ပြီး KTS Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုကျော်သာ၊
Technomation စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်၊ VR & AR လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ
သူ ကိုကျော်သူအောင်ဘ၊ Zwenexys, ltd မန်နေဂျင်းဒါရိုက်တာ ကိုသာထက်နဲ့ Cars DB 
တည်ထောင်သူ ကိုမြတ်မင်းဟန်တို့ ပါဝင်ပါတယ်။

လက်ရှိသုံးစွဲနေသူပေါင်း ၁၇,ဝဝဝ ကျော်ရှိတဲ့ White Merak အက်ပလီကေးရှင်းဟာ
အခုလို ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးများအပြင်ဘက်က
သုံးစွဲလိုသူတွေကိုပါ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးနိုင်ဖို့ အဓိကဆောင်ရွက်လာနိုင်မှာဖြစ်ပြီး
နည်းပညာအပြင် ဖြန့်ချိရေး၊ ငွေပေးချေမှုစနစ်တွေကိုပါ ပိုကောင်းမွန်လာအောင်
ဆောင်ရွက်မယ်လို့ ကြော်ငြာခဲ့ပါတယ်။

''ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးသာမကဘဲ အကြံဉာဏ်ပေးခြင်းနဲ့
နည်းပညာပိုင်းစတဲ့ အခြားအကူအညီတွေကိုပါ ပေးခဲ့ကြပါတယ်''လို့ White Merak 
တည်ထောင်သူနဲ့ စီအီးအို ကိုအောင်ရဲကျော်က ပြောပါတယ်။

''မြန်မာနည်းပညာစွန့်ဦးလုပ်ငန်းတွေရဲ့ကဏ္ဍဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲ
လာနေပြီဆိုတာကို ပြသဖို့ ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ''လို့ သူက ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်