ဆမ်ဆောင်း (Samsung) ကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်သည့်
Samsung QLED TV ကို ဇူလိုင် ၁ဝ ရက်က ရန်ကုန်မြို့ ဂျန်းရှင်းစီးတီးတွင် မိတ်ဆက်
ခဲ့သည်။
အဆိုပါတီဗီတွင် အရောင်ထွက်အား ကောင်းမွန်သည့် Quantum dot နည်းပညာပါဝင်
လာသည့်အပြင် Smart Hub နည်းပညာ ပါဝင်လာသောကြောင့် သုံးစွဲသူများသည်
မိမိဖုန်းအတွင်းမှ Smart View အက်ပလီကေးရှင်းဖြင့် ချိတ်ဆက်ကာ မိုဘိုင်းဖုန်းဖြင့်
ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် DCI-P3 Color Space ကို တိတိကျကျဖော်ပြထားနိုင်ခြင်းဖြင့် အရောင်ဖော်ပြနိုင်
စွမ်းကို အဆင့်မြှင့်တင်ထားကာ အရောင်ထုထည်ကို ၁ဝဝ ရာခိုင်နှုန်းအထိ ထုတ်လွှတ်
ပေးနိုင်သောကြောင့် ၁,၅ဝဝ နစ် (nits) နှင့် ၂,ဝဝဝ နစ် (nits) များတွင်သာ မြင်တွေ့
ရသည့် အသေးငယ်ဆုံး ကွာခြားမှုများကို မည့်သည့် အလင်းအနေအထားတွင်မဆို
ဖော်ပြပေးသည်။
အဆိုပါတီဗီတွင် 2D Color Space Model များတွင် ဖော်ပြနိုင်စွမ်းမရှိသည့် အလင်းအနေ
အထားပေါ်မူတည်ကာ အသေးငယ်ဆုံး အရောင်ကွာခြားချက်များကို ပြသနိုင်သည်။
ထို့ပြင် Samsung One Remote ကြောင့် တီဗီနှင့်ချိတ်ဆက်ထားသော ကိရိယာများကို
ရီမုဒ်တစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယင်းတီဗီကို ကြိုတင်မှာယူစနစ်ဖြင့်
ဝယ်ယူနိုင်ပြီး တီဗီအမျိုးအစားပေါ်မူတည်ကာ ကျပ် သိန်း ၄ဝ မှ သိန်း ၉ဝ အတွင်း
ရောင်းချပေးမည်ဖြစ်သည်။

















