မိုဘိုင်းဖုန်းမှတစ်ဆင့် M-learning Portal တွင် အင်္ဂလိပ်စာ သင်ယူနိုင်

မိုဘိုင်းဖုန်းမှတစ်ဆင့် M-learning Portal တွင် အင်္ဂလိပ်စာ သင်ယူနိုင်

ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အင်္ဂလိပ်စာသင်ကြားနိုင်မည့် 
ပညာသင်ကြားရေး Portal ဖြစ်သော M-learning ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း 
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဇူလိုင် ၁၇ ရက်တွင် သတင်း
ထုတ်ပြန်ထားသည်။

အဆိုပါ M-learning ဝန်ဆောင်မှုသုံးစွဲသူများသည် အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်
(အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်ကာ သင်ခန်းစာမျိုးစုံကို
သင်ကြားနိုင်မည်ဖြစ်ရာ ကဏ္ဍခြောက်မျိုးပါဝင်လျက် နောက်ဆုံးပေါ်ဝေါဟာရများ၊ စကား
ပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်
လေ့ကျင့်ခန်းအတွက် အကြံပေးချက်အသံနမူနာများ ပါဝင်မည်ဖြစ်သည်။

ယင်းဝန်ဆောင်မှုကို ရယူအသုံးပြုလိုသူများသည် ကဏ္ဍတစ်ခုစီအတွက် မေးခွန်း ၁ဝ ခု
စီကိုဖြေဆိုရမည်ပြီး ဘာသာစကားကျွမ်းကျင်မှုကို ဆန်းစစ်ကာအသုံးပြုနိုင်မည်ဖြစ်ကြောင်း
အမ်ပီတီက ဆိုသည်။

အစီအစဉ်ကို စတင်အသုံးပြုသူအားလုံးသည် တစ်ပတ်ကြာအခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး
ယင်းတစ်ပတ်တာကာလ ကုန်ဆုံးချိန်တွင် နေ့စဉ်အသုံးပြုခ ၁၅၈ ကျပ် (အခွန်အပါအဝင်)
ကို ဖုန်းဘေလ်မှ ကောက်ခံသွားမည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရန်အတွက် စာတိုနံပါတ် ၈၂၈၂ သို့ "ON" ဟုပေးပို့ကာ
အသုံးပြုနိုင်မည်ဖြစ်သည်။

၄င်း M-learning ဝန်ဆောင်မှုသည် HTML 5 နည်းပညာကို အသုံးပြုထားသော
မိုဘိုင်းဝက်ဘ်ဆိုက်ကို အခြေခံကာ ဝန်ဆောင်မှုပေးထားသောကြောင့် အင်တာနက်
အသုံးပြုနိုင်သော အန်းဒရွိုက်၊ iOS၊ Windows အစရှိသည့် Operating စနစ်သုံး
စမတ်ဖုန်းများဖြင့် သုံစွဲနိုင်မည်ဖြစ်သည့်အပြင် ကွန်ပျူတာများ၊ သို့မဟုတ် လက်ပ်တော့
များမှတစ်ဆင့်လည်း Portal သို့ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်