ထိုင်ဝမ်အခြေစိုက် BenQ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် BenQ GL2070 Monitor နှင့်
BenQ MX528 Projector တို့ ပြည်တွင်းစျေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း
ပြီးခဲ့သောရက်သတ္တပတ်က ပြည်တွင်းနည်းပညာထုတ်ကုန်များ ဖြန့်ဖြူးရောင်းချသည့်KMD
မှ သိရသည်။
အဆိုပါစျေးကွက်ထဲဝင်ရောက်လာသည့် BenQ GL2070 Monitor သည် The Bauhaus
ရဲ့ architecture house ကဲ့သို့ ပြည့်စုံသော GL2070 Slim Body 19.5" LED မော်နီတာ
အမျိုးအစားဖြစ်သည်။ ထို့ပြင် BenQ ၏ Response Time 5ms ဖြစ်ပြီး Flicker Free
backlight ပါရှိခြင်းကြောင့် တိကျသေချာသောပုံရိပ်များကို ဖော်ဆောင်ပေးသည်။
အဆိုပါမော်နီတာတွင် 16.7 Million Colors ကိုအသုံးပြုထားသည့်အတွက် အမြင့်ဆုံး
ရုပ်ထွက်စွမ်းရည်ကိုခံစားနိုင်ပြီးLow Blue Light technology ဖြင့် Filter ပြုလုပ်ထား
သည့်အတွက် အမြင်အာရုံထိခိုက်မှုကိုလည်း ကာကွယ်ပေးသည်။
ထို့ပြင် OSD Language မှာလည်း ဘာသာစကား ၁၈ မျိုး ပြောင်းလဲအသုံးပြုနိုင်သည်။
အသစ်ဝင်ရောက်လာသည့် BenQ MX528 Projector သည် အလင်းစူးအား 3300ANSI
Lumen ဖြစ်ပြီး Contrast Ration မှာ 13000:1 ဖြစ်သည့်အတွက် အခန်းတွင်းအသုံးပြုရန်
အဆင်ပြေသည်။
အဆိုပါပရိုဂျက်တာတွင် Interface အားဖြင့် D-sub, s-vedio HDMI, Audio, Speaker,
USB နှင့် IR Receiver(front) တို့ပါဝင်ပြီး Output Interface တွင်လည်း D-sub port
နှင့် PC Audio port လည်းပါဝင်ကာ Lamp Life သက်တမ်းသည် ပုံမှန်အားဖြင့် နာရီ
ပေါင်း ၄,၅ဝဝ အသုံးပြုနိုင်ပြီး Eco Mode ဖြင့်သုံးလျှင် နာရီပေါင်း ၆,၅ဝဝ နှင့် Extreme
Eco Mode ဖြင့်သုံးလျှင် နာရီပေါင်း ၁ဝ,ဝဝဝ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ BenQ
မော်နီတာကို ၈၂ ဒေါ်လာဖြင့်လည်းကောင်း ပရိုဂျက်တာကို ၅၂၅,ဝဝဝ ကျပ်ဖြင့်လည်း
ကောင်း KMD Computer and Mobile Sales Center များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

















