၂ဝ၁၇ ခုနှစ်မှာထွက်လာမယ့် အဋ္ဌမမျိုးဆက် အိုင်ဖုန်းဟာ ပုံမှန် တစ်နှစ်တစ်ခါရောက်လာ
နေကြအိုင်ဖုန်းအသစ်တွေထက် ထူးခြားမှာပါ။ ဘာလို့လဲဆိုရင်တော့ ၂ဝဝ၇ ခုနှစ်မှာ
ပထမဆုံး ထွက်ရှိခဲ့တဲ့ အိုင်ဖုန်းအတွက် ၂ဝ၁၇ ဟာ ဆယ်နှစ်ပြည့်အမှတ်တရ ဖြစ်နေ
လို့ပါပဲ။
အစောပိုင်းအိုင်ဖုန်းတွေကို ဇွန်လနဲ့ ဇူလိုင်လတွေမှာ စတင်ရောင်းချခဲ့တာဖြစ်ပေမဲ့ ၂ဝ၁၂
ခုနှစ်မှာ အားလပ်ရက် စျေးရောင်းရာသီနဲ့ ပိုနီးကပ်တဲ့ စက်တင်ဘာလမှာ iPhone 5 ကို
ရောင်းချခဲ့တာကစပြီး နှစ်တိုင်း စက်တင်ဘာလများမှာသာ အိုင်ဖုန်းအသစ်ကို စျေးကွက်
ထဲသို့ တင်ပို့လာခဲ့ပါတယ်။
ဒါ့ကြောင့် ယခုအချိန်မှာ အိုင်ဖုန်းအသစ်၊ သို့မဟုတ် ဆယ်နှစ်ပြည့် iPhone 8 ထွက်လာဖို့
အချိန်လအနည်းငယ်သာ လိုတော့တာဖြစ်တဲ့အတွက် အိုင်ဖုန်းအသစ်အတွက် ထွက်ပေါ်
လာတဲ့သတင်းတွေကလည်း စိတ်ဝင်စားစရာပါ။
ဆယ်နှစ်ပြည့်အိုင်ဖုန်းအတွက် ဒီဇိုင်းအသစ်တွေကို အက်ပဲလ်မှ ဆယ်မျိုးအထက်စမ်းသပ်
နေတယ်လို့ သတင်းထွက်နေပြီး ဘယ်ဟာက အတည်ဖြစ်လာမလဲ မသိရသေးပေမဲ့
ထုတ်ကုန်အသစ်အတွက် ပြင်ပဒီဇိုင်းကို အကြီးစားပြောင်းလဲဖို့ ပြင်ဆင်နေတာတော့
အမှန်ပါပဲ။
အများစုက ဘေးဘောင်မပါတဲ့ OLED display စနစ်ပါဝင်လာမယ်လို့ ခန့်မှန်းနေကြကာ
သိမှတ်ဆင်ဆာစနစ်အသစ်အဖြစ် မျက်ဆံ၊သို့မဟုတ် မျက်နှာသိမှတ်ဆင်ဆာအသစ်
ကိုလည်း ထည့်သွင်းလာမယ်လို့ သတင်းထွက်နေပါတယ်။
နောက်ဆုံးထွက်ခဲ့တဲ့ မော်ဒယ်တွေကိုပြန်ကြည့်ရင် အသစ်ထွက်လာမယ့် အိုင်ဖုန်းဟာ
နှစ်မျိုး၊ သို့မဟုတ် သုံးမျိုးအဖြစ် ထွက်ရှိလာမယ်၊ ရေစိုဒဏ်ပိုခံနိုင်လာမယ်၊ ကာလာအသစ်
ထပ်ထွက်လာမယ်၊ ပိုမြန်ဆန်တဲ့ ပရိုဆက်ဆာပါဝင်လာမယ် ဆိုတဲ့သတင်းတွေကတော့
ရာနှုန်းပြည့်မှန်ကန်နိုင်ပါတယ်။
အရေးပါတဲ့ အပြောင်းအလဲဖြစ်တဲ့ သူ့ရဲ့ Home button ကိုလည်း အကြီးစားပြောင်းလဲမှု
ပြုလုပ်သွားမယ်လို့ ခန့်မှန်းနေကြပြီး ကြိုးမဲ့ဘက်ထရီအားသွင်းစနစ်လည်း ပါဝင်လာနိုင်
ခြေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ဝ၁၇ မှာ ဆယ်နှစ်ပြည့်မယ့် အိုင်ဖုန်းထုတ်ကုန်အသစ်
အတွက် သာမန်ထက်ပိုတဲ့ ကြိုတင်ပြင်ဆင်မှုကို အက်ပဲလ်က ဖန်တီးနေတယ်ဆိုတာတော့
အမှန်ပါပဲ။

















