အူရီဒူးနှင့် အမ်ပီတီက နေရာသစ်များတွင် 4G ကွန်ရက် ထပ်မံတိုးချဲ့

အူရီဒူးနှင့် အမ်ပီတီက နေရာသစ်များတွင် 4G ကွန်ရက် ထပ်မံတိုးချဲ့

ပြည်တွင်း၌ ဆက်သွယ်ရေးကဏ္ဍအတွက် ဝန်ဆောင်မှုပေးလျက်ရှိသော အူရီဒူးမြန်မာနှင့် 
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) တို့သည် 4G ကွန်ရက်ဝန်ဆောင်မှုကို 
နယ်မြေသစ်များသို့ ပြီးခဲ့သော ရက်သတ္တပတ်က ထပ်မံတိုးချဲ့ဝန်ဆောင်မှုပေးလျက်
ရှိကြောင်း အဆိုပါ ဆက်သွယ်ရေးအော်ပရေတာများထံမှ သိရသည်။

ထိုသို့တိုးချဲ့ခဲ့ရာတွင် အမ်ပီတီသည် နေရာသစ်ခုနစ်နေရာသို့ တိုးချဲ့ခဲ့ပြီး အူရီဒူးမြန်မာ
သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့ ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်။

အမ်ပီတီ၏ 4G ကွန်ရက် ထပ်မံချဲ့ထွင်ခဲ့သည့် နေရာသစ်ခုနစ်နေရာသည် ကချင်ပြည်နယ်
ဖားကန့်မြို့၊ ဝိုင်းမော်မြို့၊ မြစ်ကြီးနားမြို့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်

ပြည်နယ် ဘားအံမြို့၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)
ကျိုင်းတုံမြို့များ ဖြစ်ကြသည်။

ထို့ကြောင့် အမ်ပီတီသည် လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး ၂၂ မြို့
အပါအဝင် မြို့နယ် ရ၂ မြို့နယ်အထိဖြန့်ကြက်ခဲ့ပြီး သြဂုတ်လတွင် မြို့ကြီး ရ၈ မြို့အထိ
ဆက်လက်ချဲ့ထွင်သွားရန် ရည်မှန်းထားကြောင်း အမ်ပီတီက ဆိုသည်။

ထို့အတူ အူရီဒူးမြန်မာသည် 4G ကွန်ရက်ဝန်ဆောင်မှုကို ရှမ်းပြည်နယ် (တောင်ပိုင်း)
ညောင်ရွှေမြို့သို့ ဇူလိုင် ၂၁ ရက်တွင် တိုးချဲ့ဝန်ဆောင်မှုပေးခဲ့ပြီး နေရာသစ်များကို
ထပ်တိုးဖြန့်ကြက်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ဒစ်ဂျစ်တယ်ပညာရေးကို
လေ့လာနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ e-commerce ဖြင့် စီးပွားရေးလုပ်ငန်းများ
လုပ်ဆောင်နိုင်ရန် 4G ကွန်ရက်ကိုလည်း ထပ်မံမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အူရီဒူးမြန်မာက ဆိုသည်။

အူရီဒူးမြန်မာသည် ၂ဝ၁၇ ဇူလိုင်ပထမပတ်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်
မကွေးအတွင်းရှိ မြို့နယ် ၅၂ မြို့က လူဦးရေ ငါးသန်းနီးပါးကို 4G ကွန်ရက်လွှမ်းခြံုထား
နိုင်ပြီဖြစ်သည်။

လက်ရှိ အမ်ပီတီနှင့် အူရီဒူးမြန်မာတို့ ဝန်ဆောင်မှုပေးနေသော 4G ကွန်ရက်သည်
လှိုင်းနှုန်းစဉ် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်ကို အသုံးပြုကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်