ဆမ်ဆောင်း နည်းပညာကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်သည့် 4K resolution ရုပ်ထွက်
အရည်အသွေးရိုက်ကူးနိုင်သည့် ၃၆ဝ ဒီဂရီ (360') ကင်မရာနှင့် ပထမဆုံး controller
ပါရှိသော Samsung Gear VR တို့ကို ပြည်တွင်းစျေးကွက်၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း
ဆမ်ဆောင်းမြန်မာက ဇူလိုင် ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ Gear 360 တွင် 4K အရည်အသွေးရှိ ဗီဒီယိုရိုက်ကူးနိုင်သော လုပ်ဆောင်ချက်ကို
ပထမဦးဆုံးအကြိမ် ထည့်သွင်းထားပြီး ၈ ဒသမ ၄ မဂ္ဂါပစ်ဇယ်ပုံရိပ် sensor များနှင့်
fisheye မှန်ဘီလူးနှစ်ခုတွင် Bright lens F2.2 ပါရှိသောကြောင့် အရည်အသွေးမြင့်
ပုံရိပ်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာက ဆိုသည်။
ထို့ပြင် ၃၆ဝ ဒီဂရီ ဗီဒီယို၊ သို့မဟုတ် ဓာတ်ပုံများဖန်တီးရာတွင်လည်း မတူညီသောဓာတ်ပုံ
effect နှင့် filer များ၊ ပြင်ဆင်မှုပိုင်း ပြုလုပ်နိုင်သည့် tool များကို အသုံးပြုနိုင်မည့်အပြင်
360 ဗီဒီယိုများကို ဝေမျှနိုင်ရန် စံနှုန်းပုံစံ (standard format) သို့ အလွယ်တကူ
ပြောင်းနိုင်သည်။
ထို Gear 360 ကင်မရာကို သတ်မှတ်ထားသော စမတ်ဖုန်းနှင့် ကွန်ပျူတာ အစရှိသည့်
အခြားဆက်စပ်ပစ္စည်းများနှင့် တွဲဖက် အသုံးပြုနိုင်သည့်အပြင် Galaxy S8 နှင့်
Galaxy S8+ တို့အပါအဝင် f Galaxy S7,S7edge,Galaxy Note5, Galaxy S6 edge +,
Galaxy S6, Galaxy S6 edge, Galaxy A5(2017) နှင့် Galaxy A7 (2017) တို့နှင့်လည်း
တွဲဖက်အသုံးပြုနိုင်သည်။
ထို့ပြင် iPhone 7, 7Plus, 6s, 6s Plus နှင့်အတူ Windows နှင့် Mac ကွန်ပျူတာများဖြင့်
လည်း ချိတ်ဆက်နိုင်သည်။
စျေးကွက်သို့ နောက်ထပ်ဝင်ရောက်လာသည့် Controller ပါဝင်သော Gear VR တွင်
42mm အရွယ်ရှိ မှန်ဘီလူးများနှင့်အတူ ၁ဝ၁ ဒီဂရီ FOV (Field of View) နှင့် ရွေ့လျားမှု
အပေါ်လိုက်ပြီး ဖြစ်ပေါ်တတ်သည့် မူးမော်ခြင်းကိုလျှော့ချပေးရန် အဆင့်မြင့်နည်းပညာ
ကိုလည်း ထည့်သွင်းထားသည်။
ထို Gear VR တွင် converter in-box နှင့်အတူ micro USB နှင့် USB Type-C နှစ်ခုစလုံး
ပါဝင်ကာ အသုံးမပြုသည့်အချိန်တွင် Controller ကို ထိန်းပေးထားမည့် ကြိုးတစ်ကြိုး
ကိုလည်း Headset တွင် ထည့်သွင်းပေးထားသည်။
ထို့ပြင် Headset ပေါ်တွင် Home, Volume နှင့် Back ခလုတ်များထည့်ပေးထားသော
ကြောင့် ခလုတ်များကို အလွယ်တကူနှိပ်နိုင်သည့်အတွက် ကြည့်ရှုနေသော အကြောင်း
အရာပေါ်တွင် အပြည့်အဝအာရုံစိုက်နိုင်မည်ဖြစ်သည်။
အဆိုပါ Gear VR ၏ ထိတွေ့မှုမျက်နှာပြင် (Touchpad) သည် VR အက်ပလီကေးရှင်းကို
လျင်မြန်စွာရွေးချယ်မှုနှင့် လှုပ်ရှားမှုကို ပေးနိုင်သောကြောင့် Touchpad ပေါ်တွင် ဆွဲယူ
လွှတ်ချခြင်း (drag and drop)၊ တိမ်းစောင်းခြင်း (tilt)၊ ပစ်ခြင်း (Shoot) စသည်တို့
ပါဝင်သည့်အပြင် Trigger ခလုတ်သည် ဂိမ်းကစားရာတွင်လည်း အထူးကောင်းမွန်သော
အတွေ့အကြံုကို ပေးသည်။
အဆိုပါ Gear 360 ကို ကျပ် ၂၇၂,ဝဝဝ ဖြင့်လည်းကောင်း၊ Gear VR ကို ကျပ် ၁၄၂,ဝဝဝ
ဖြင့်လည်းကောင်း ပြည်တွင်းရှိ ဆမ်ဆောင်းအရောင်းပြခန်းများတွင် ဝယ်ယူနိုင်မည်
ဖြစ်သည်။

















