မိုက်ကရိုဆော့ဖ်ဝင်းဒိုးပေါ်ကနေ စတိုးကို ရောက်တော့မယ့် MS Paint ဆော့ဖ်ဝဲ

မိုက်ကရိုဆော့ဖ်ဝင်းဒိုးပေါ်ကနေ စတိုးကို ရောက်တော့မယ့် MS Paint ဆော့ဖ်ဝဲ

ပထမဆုံးဝင်းဒိုးစက်နှင်စနစ် OS ပေါ်လာကတည်းက အဓိကပုံဆွဲဆော့ဖ်ဝဲအနေနဲ့ ပါဝင်
လာခဲ့တဲ့ MS Paint ကို လာမယ့် Windows 10 Fall Creator Update uae ကနေ 
စတင်ပြီးတော့ ဝင်းဒိုးတွေမှာ built-in ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

မိုက်ကရိုဆော့ဖ်မှ ထုတ်ပြန်ခဲ့တဲ့ လာမယ့် Windows 10 update မှာ အဆုံးသတ်မည့်၊
သို့မဟုတ် ထုတ်လုပ်မှုရပ်ဆိုင်းမည့် ဆော့ဖ်ဝဲများစာရင်းမှာ အထက်ပါအတိုင်း ပါဝင်လာ
ခဲ့တာ ဖြစ်ပါတယ်။

ဝင်းဒိုးအသုံးပြုသူများသည် ပိုကောင်းမွန်တဲ့ ပုံပြုပြင်ရေးဆွဲမှုဆိုင်ရာ ဆော့ဖ်ဝဲတွေကို
ဝယ်ယူအသုံးပြုလာကြပေမဲ့ MS Paint ဟာလည်း အရေးပါတဲ့ ်feature တစ်ခုအဖြစ်
နှစ်ပေါင်း ၃၂ နှစ်ကြာအောင် အသုံးတော်ခံလာခဲ့ကာ ယခု ၂ဝ၁၇ မှာတော့ အဆုံးသတ်
ရတော့မှာပါ။

ဒါပေမဲ့လည်း ၄င်းကို အပြီးသတ်ဖျောက်ဖျက်ပစ်လိုက်မှာတော့ မဟုတ်သေးဘဲ ဝင်းဒိုး
အွန်လိုင်းအက်ပလီကေးရှင်းစတိုးဖြစ်တဲ့  Windows Store မှာ အခမဲ့အက်ပလီကေးရှင်း
အနေနဲ့ ဆွဲယူသုံးစွဲခွင့်တော့ ရှိနေဦးမှာပါ။ Paint 3D အက်ပလီကေးရှင်းနဲ့ ပေါင်းစပ်ပြီး
ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Paint 3D ဟာ မိုက်ကရိုဆော့ဖ်ရဲ့ အက်ပလီကေးရှင်းအသစ်ဖြစ်ပြီး မူရင်း paint မှာပါတဲ့
feature တွေအပြင် 3D ပုံရေးဆွဲပြုပြင်တာတွေကို လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။
ရိုးရာအတိုင်း 2D ပုံရိပ်တွေကိုလည်း အသုံးပြုနိုင်မယ့် Paint 3D ကိုတော့ ဝင်းဒိုးစတိုးမှာပဲ
အခမဲ့ရယူနိုင်ဦးမှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်