မိုဘိုင်းဖုန်းများထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် နိုကီယာ (Nokia) က ၄င်းတို့၏
အန်းဒရွိုက်စမတ်ဖုန်းများဖြစ်သော Nokia 3, Nokia 5, Nokia 6 နှင့်Keypad ဖုန်းဖြစ်သော
Nokia 3310 ဖုန်းများကို ပြည်တွင်းစျေးကွက်၌ ဇူလိုင်လအတွင်း ရောင်းချပေးမည်
ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင်ကျင်းပခဲ့သည့် နိုကီယာစမတ်ဖုန်း မိတ်ဆက်ပွဲတွင်
နိုကီယာ၏ မလေးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.VIJAY THANGAVELU က
ပြောသည်။
အဆိုပါစျေးကွက်သို့ ဝင်ရောက်လာသော Nokia 3 ကို အလျူမီနီယံဘောင်ဖြင့် ပြုလုပ်
ထားသည့်အပြင် လေဝင်နိုင်ခြင်း မရှိသည့် Corning Gorilla Glass ဖြင့် ပြုလုပ်ထားသော
၅ လက်မအကျယ် fully laminated မျက်နှာပြင်ဖြင့် ဖန်တီးတီထွင်ထားသည်။
ထို့ပြင် ရှစ်မဂ္ဂါပစ်ဇယ် ရှေ့၊ နောက်ကင်မရာနှစ်ခုစလုံးကို အသုံးပြုထားကာ 4G ဆင်းကတ်
နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သည်။
အဆိုပါ Nokia 5 အန်းဒရွိုက်စမတ်ဖုန်းသည်လည်း ၅ ဒသမ ၂ လက်မရှိသော
Corning Gorilla Glass မျက်နှှာပြင်ကို အသုံးပြုထားကာ နောက်ကင်မရာ ၁၃ မဂ္ဂါပစ်ဇယ်
နှင့် ရှေ့ကင်မရာ ရှစ်မဂ္ဂါပစ်ဇယ်ကို အသုံးပြုထားသည်။
ထို့ပြင် Fingerprint sensor ပါဝင်ပြီး 4G ဆင်းကတ်နှစ်ကတ် ထည့်သုံးနိုင်သည့် အပြင်
Qualcomm Snapdragon 430 processor ကိုအသုံးပြုထားကာ RAM 2GB နှင့် မန်မိုရီ
16GB ပါဝင်လျက်ရှိပြီး 128GB အထိ ထပ်တိုးအသုံးပြုနိုင်မည့် Mirco SD slot လည်း
ပါဝင်သည်။
ထိုနည်းတူ Nokia 6 သည် Gorilla Glass မျက်နှာပြင် ၅ ဒသမ ၅ လက်မအရွယ်အစားရှိပြီး
နောက်ကင်မရာ ၁၆ မဂ္ဂါပစ်ဇယ်နှင့် ရှေ့ကင်မရာ ရှစ်မဂ္ဂါပစ်ဇယ်တို့ပါဝင်ကာ
Dolby Atmos sound စနစ်ပါဝင်ပြီး Smart အသံချဲ့စနစ်နှင့် စပီကာ နှစ်ခုပါဝင်သည့်
အတွက် deep bass နှင့် မတူညီသည့်အသံများကို ရှင်းလင်းပြတ်သားစွာကြားနိုင်မည်
ဖြစ်သည်။
နိုကီယာက ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချသည့် အန်းဒရွိုက်ဖုန်းများသည်
Pure အန်းဒရွိုက်ဖုန်းများဖြစ်သည့်အတွက် Google Play Store မှ ဒေါင်းလုတ်ပြုလုပ်
ထားသော အက်ပလီကေးရှင်းများကို အထစ်အငေါ့မရှိ အသုံးပြုနိုင်မည့်အပြင် ဖုန်းအပူချိန်
တက်ခြင်းများလည်း မရှိနိုင်ကြောင်း Mr.VIJAY THANGAVELU က ပြောသည်။
ထို့ပြင် တစ်နေကုန်ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ သီချင်းနားဆင်ခြင်းနှင့်
နာမည်ကြီးမိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် ှSnake ကို ဆော့ကစားခြင်းတို့ပြုလုပ်နိုင်မည့်
အရောင်အားဖြင့် warm Red, Yellow,matte finish ဖြင့် Dark Blue နှင့် Grey
အရောင်တို့ဖြင့် ထုတ်လုပ်ထားသော Nokia 3310 KeyPad ဖုန်းအမျိုးအစားကိုလည်း
မိတ်ဆက်ပေးခဲ့သည်။
ဇူလိုင် ၂၅ ရက်က ပြည်တွင်းစျေးကွက်တွင် မိတ်ဆက်ခဲ့သည့် Nokia 3,Nokia 5 နှင့်
Nokia 6 ကို စျေးကွက်တွင် Matte Black, Silver, Tempered Blue နှင့်
Copper အရောင်လေးမျိုးဖြင့် ရရှိနိုင်ပြီး Nokia 3 ကို ကျပ် ၁၈၉,ဝဝဝ ဖြင့်လည်းကောင်း၊
Nokia 5 ကို ကျပ် ၂၅၉,ဝဝဝ ကျပ်ဖြင့်လည်းကောင်း ဇူလိုင် ၂၆ ရက်မှစတင်ကာ ရန်ကုန်၊
မန္တလေးစျေးကွက်တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ဇူလိုင်လ အကုန်တွင် Nokia 6 ကို
ကျပ် ၃၁၉,ဝဝဝ ဖြင့်လည်းကောင်း၊ Nokia 3310 ကို ကျပ် ၆၆,ဝဝဝ ဖြင့်လည်းကောင်း
ရန်ကုန်နှင့် မန္တလေးစျေးကွက်တွင် ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ Nokia စမတ်ဖုန်းများကို နိုကီယာ၏ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သော
Cyber City ကုမ္ပဏီလီမိတက်မှ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည့်အပြင် စမတ်ဖုန်း
များကို တစ်နှစ်အာမခံဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးတွင်
Nokia Mobile Care Center များ ဖွင့်လှစ်မည်ဖြစ်သည်။

















