မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ လက်ရှိသုံးနေသော လိုင်းများထက် လိုင်းဆွဲအားနှင့်
လွှင့်အား နှစ်ဆပိုများသည့် LTE+(Longest network, Technologyadvanced, Entertainment+)
ကွန်ရက်ကို လာမည့် စက်တင်ဘာလအတွင်းနိုင်ငံအတွင်း မြို့ကြီးပေါင်း ၃ဝ အထိတိုးချဲ့ဖြန့်ကျက်
ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းရှိ စီးပွားရေးဌာနမှ အမှုဆောင်အရာရှိချုပ်
ဦးသိန်းဟုတ်က ပြောသည်။
ပြီးခဲ့သော မေ ၃ဝ ရက်က အဆိုပါကွန်ရက်ကို ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့တို့တွင်
စတင် မိတ်ဆက် လုပ်ဆောင်ခဲ့ကာ လက်ရှိ၌ မြို့ကြီးပေါင်း ၂၂မြို့ရှိ မြို့နယ်ပေါင်း ရ၂ မြို့နယ်တွင်
တပ်ဆင်ပြီးဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင် မြို့ပေါင်း ၃ဝ နှင့်အထက် ရရှိအောင်
စီစဉ်ထားကြောင်း ဦးသိန်းဟုတ်က ယခုလ ၂၄ ရက်တွင် ပြောသည်။
''နည်းပညာပိုင်းနဲ့ ပတ်သက်ရင် အရင်က 5 MHz ပဲ ရခဲ့ပေမဲ့အခု နှစ်ဆ 10 MHz ရခဲ့ပါတယ်။
ပြီးတော့ အမြင့်ဆုံး ကူးယူနိုင်စွမ်းက တစ်စက္ကန့်ကို 75 Mb ကနေ အခု 150 Mb ရမှာပါ''ဟု
ဦးသိန်းဟုတ်က ပြောသည်။
လာမည့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ E topup ဖြင့် ငွေဖြည့်ပါက တန်ဖိုး၏၃ဝ ရာခိုင်နှုန်းကို
အပိုဆုပေးမည်ဖြစ်ကာသုံးရက်အတွင်း အပြီးသုံးစွဲရမည့် အစီအစဉ်ကို လုပ်ဆောင်ထားကြောင်း
ဦးသိန်းဟုတ်က ပြောသည်။
''LTE+ ကို လက်ခံနိုင်မယ့် ဟန်းဆက်လိုအပ်ပါတယ်။ ဆမ်ဆောင်း ှ၈ ကတော့လက်ခံနိုင်စွမ်း
ရှိပါတယ်''ဟု ဦးသိန်းဟုတ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာ ဦးဌေးလှက MPT က အသိအမှတ်ပြုထားသော
LTE+ လက်ခံနိုင်သည့် တရုတ်နိုင်ငံလုပ် ဟန်းဆက်ရှိပြီး စျေးနှုန်းမှာကျပ် ၈၄,ဝဝဝ ဖြစ်ကြောင်း
ပြောသည်။
''အခု 4G ဆင်းကတ်တွေကို အခမဲ့လဲပေးနေပါတယ်။ LTE+ ကို မေ ၃ဝ ရက်ကစပြီး
သုံးလို့ရနေပါပြီ''ဟု ဦးဌေးလှက ပြောသည်။
MPT သုံးစွဲသူမှာ ၂ဝ၁၄ ခုနှစ်၌ ခြောက်သန်းရှိရာမှ လက်ရှိအချိန်တွင် ၂၄ သန်းရှိကြောင်း
တာဝန်ရှိသူများက ပြောသည်။

















