နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) သည် သြဂုတ် ၁၂ ရက်တွင် နယ်မြေ
၁ဝ ခုရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များဖြင့် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်
ကြောင်း အမ်ပီတီက ဇူလိုင် ၁၈ ရက်က သတင်းထုတ်ပြန်ထားသည်။
ထို့သို့ပြောင်းလဲတပ်ဆင်မည့် အိတ်ချိန်းများသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း
မြို့နယ်ရှိ ဘုရင့်နောင်အိတ်ချိန်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာ
အိတ်ချိန်း၊ ငပုတောမြို့နယ်ရှိ ငပုတောအိတ်ချိန်း၊ လပွတ္တာမြို့နယ်ရှိ လပွတ္တာအိတ်ချိန်းနှင့်
လပွတ္တာ ၃ မိုင်အိတ်ချိန်း၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတအိတ်ချိန်း၊ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့နယ်ရှိ မြစ်ကြီးနားအိတ်ချိန်း၊ မြစ်ကြီးနားစျေးအိတ်ချိန်း၊ ပမ္မတီးအိတ်ချိန်းတို့
အပြင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ လားရှိုးအိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်
များဖြင့် လဲလှယ်သွားမည်ဖြစ်သည်။
ပြောင်းလဲမှုများဆောင်ရွက်ရာတွင် တယ်လီဖုန်းနံပါတ်များကို ဂဏန်းခုနစ်လုံးပါရှိသည့်
တယ်လီဖုန်းနံပါတ်အသစ်သို့ ပြောင်းလဲမည်ဖြစ်သည်။
ဥပမာ – လက်ရှိသုံးနေသော ဖုန်းနံပါတ်သည် ဝ၁- ၆၈ဝxxx မှ ဝ၁ ၃၆၈ဝxxx သို့ အသစ်
ပြောင်းလဲမည်ဖြစ်သည်။
နံပါတ်အဟောင်းမှ အသစ်သို့ပြောင်းလဲစဉ်အတွင်း အသုံးပြုသူများ အဆင်ပြေရန်အတွက်
လည်း Call Forward ဝန်ဆောင်မှုကို ၂ဝ၁၇ နိုဝင်ဘာလကုန်အထိ အခမဲ့ပေးထားမည်
ဖြစ်သည်။
















