ဟွာဝေးစမတ်ဖုန်း အလုံးရေ ရ၃ သန်းကျော်အထိ တင်ပို့ရောင်းချ

ဟွာဝေးစမတ်ဖုန်း အလုံးရေ ရ၃ သန်းကျော်အထိ တင်ပို့ရောင်းချ

တရုတ်နိုင်ငံအခြေစိုက် ဟွာဝေး (Huawei) နည်းပညာကုမ္ပဏီသည် ၂ဝ၁၇ ခုနှစ် နှစ်ဝက်
အထိ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့မှု အလုံးရေ ရ၃ ဒသမ ဝ၁ မီလျံအထိ ရောက်ရှိလာ
ကြောင်း Huawei Consumer Business Group ၏ ၂ဝ၁၇ ပထမနှစ်ဝက် စီးပွားရေးရလဒ်
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟွာဝေးသည် ၂ဝ၁၆ ပထမနှစ်ဝက်က ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့မှု ၆ဝ ဒသမ ၅၆
သန်းအထိရှိခဲ့ရာ ယခုနှစ် ပထမနှစ်ဝက်တွင် စမတ်ဖုန်းတင်ပို့မှု ၁ဝ ရာခိုင်နှုန်းကျော်
တိုးတက်လာခြင်းဖြစ်သည်။

ယခုနှစ် နှစ်ဝက်အထိ တရုတ်နိုင်ငံတွင် ဟွာဝေးစျေးကွက်ဝေစုသည် ၂၂ ဒသမ ၁ ရာခိုင်
နှုန်းဖြင့်ရပ်တည်လျက်ရှိရာ စမတ်ဖုန်းတင်ပို့မှုမှာလည်း နှစ်စဉ် ၂၄ ရာခိုင်နှုန်းအထိ
တိုးတက်ခဲ့ကြောင်း ဟွာေ--ဝးက ဆိုသည်။

ဟွာဝေးသည် ဥရောပ အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင်လည်း စမတ်ဖုန်းတင်ပို့မှု
နှစ်စဉ်တိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ဂျပန်၊
တောင်ကိုရီးယား စသော အာရှပစိဖိတ်၏စျေးကွက်ကိုလည်း ထိုးဖောက်နိုင်ခဲ့ရာ
ရုရှားနိုင်ငံတွင်လည်း စျေးကွက်ဝေစုများ ရရှိခဲ့သည်။

ဟွာဝေး၏ Honor အမှတ်တံဆိပ် စမတ်ဖုန်းသည်လည်း ၂ဝ၁၇ ဇန်နဝါရီလမှ မေလ
အတွင်း အင်တာနက်က ရောင်းချသော စမတ်ဖုန်းများတွင် ရောင်းချမှုအရေအတွက်နှင့်
ဝင်ငွေရရှိမှုသည် နှစ်စဉ်ထိပ်တန်းတွင် ရပ်တည်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။

ယခုနှစ်ဖေဖော်ဝါရီက စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက်
(GSMA) နည်းပညာ ဆိုင်ရာပြပွဲတွင် ဟွာဝေး P10 နှင့် P10 Plus စမတ်ဖုန်းကို ပထမ
ဦးဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး တရုတ်နှင့်ဥရောပစျေးကွက်တွင် မတ်လမှစတင်ကာ
ရောင်းချခဲ့ပြီး အာရှ၊ လက်တင်အမေရိက၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံစျေးကွက်
များတွင် ဧပြီလမှ စတင်ကာရောင်းချခဲ့ပြီး ပြည်တွင်းစျေးကွက်တွင် မေလမှစတင်ကာ
ရောင်းချပေးခဲ့သည်။

ကမ္ဘာတစ်ဝန်း အရောင်းဗျူဟာများ တိုးချဲ့လျက်ရှိရာ ၂ဝ၁၆ မေတွင်ဆိုင်ပေါင်း ၃၅,ဝဝဝ
ဖွင့်လှစ်ထားပြီး ယခုနှစ်အကုန်တွင် ဆိုင်ပေါင်း ၅၆,ဝဝဝအထိ တိုးမြှင့်ဖွင့်လှစ်သွားရန်
လည်း ဟွာဝေးက ရည်ရွယ်ထားသည်။

ဟွာဝေးသည် ကမ္ဘာ့သုတေသနစင်တာ ၁၅ ခုနှင့် ပေါင်းစပ်ဖန်တီးမှုစင်တာ ၃၆ ခုတို့ဖြင့်
အာရုံခံဆင်ဆာ၊ ဒေတာစီမံမှု နှင့် ယင်းတို့၏ Kirin Chipset အဆင့်မြှင့်တင်မှုများပါဝင်
သည့် နည်းပညာအသစ်များကိုလည်း စျေးကွက်သို့ပို့ဆောင်ရန် လုပ်ဆောင်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်