နှစ်စဉ်ကျင်းပသွားမည့် Rise of Myanmar Games ပြပွဲ

နှစ်စဉ်ကျင်းပသွားမည့် Rise of Myanmar Games ပြပွဲ

မြန်မာနိုင်ငံရဲ့ ဂိမ်းထုတ်လုပ်သူ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Studio Puppeteer ဟာ 
သူတို့ရဲ့ ပထမဆုံး မိုဘိုင်းဂိမ်းသုံးခုကို ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့ Rise of 
Myanmar Games 2017 (RMG 2017) ပြပွဲမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ ွRMG ပြပွဲကို ှStudio Puppeteer ကနေ ဦးစီးပြီးတော့ ပထမဆုံးအကြိမ်အဖြစ်
ကျင်းပခဲ့တာဖြစ်ပြီး အနာဂတ်မှာ နှစ်စဉ်ကျင်းပသွားမှာဖြစ်တဲ့အတွက် ပြည်တွင်းဂိမ်းစတူ
ဒီယိုတွေအားလုံးကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ Studio Puppeteer ရဲ့ ပူးတွဲ
တည်ထောင်သူ ကိုဇင်မင်းဟိန်းက ပြောကြားခဲ့ပါတယ်။

မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းဂိမ်းသုံးခုစလုံးဟာ မြန်မာ့ယဉ်ကျေးမှု နောက်ခံဒီဇိုင်းနဲ့ အိုင်ဒီ
ယာတွေ အခြေခံထားပြီး Puzzle အမျိုးအစား ''Hidden Culture''၊ အက်ရှင်ဂိမ်းအမျိုး
အစား The Return: Forbidden Throne (အပြန်လမ်း) နဲ့ မာလ်တီပလေယာ
Versus အက်ရှင်ဂိမ်းအမျိုးအစား Burma Blood တို့ ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့တဲ့ Studio Puppeteer ဟာ 2D/ 3D
Animation အထူးပြုလုပ်ချက်များကို ဖန်တီးပြုလုပ်ပေးတဲ့ စတူဒီယိုတစ်ခုလည်းဖြစ်သလို
ယခုထွက်ရှိလာတာကတော့ သူတို့ရဲ့ ပွဲဦးထွက်ဂိမ်းတွေပါ။ ၂ဝ၁၆ ခုနှစ်ကတည်းက
ဘီတာစမ်းသပ်ဗားရှင်း ထုတ်လွှင့်ပေးမယ်လို့ ကြေညာခဲ့တဲ့ အပြန်လမ်းဂိမ်းဟာ
Hidden Culture ဂိမ်းနဲ့အတူ ယခု ၂ဝ၁၇ သြဂုတ် ရ ရက်မှာတော့ Android နဲ့ iOS 
ဖုန်းတွေမှာ စတင်ရယူ ဆော့ကစားနိုင်တော့မှာပါ။

တတိယမြောက်ဂိမ်းဖြစ်တဲ့ Burma Blood ကတော့ လာမယ့် ၂ဝ၁၈ ခုနှစ်နှောင်းပိုင်း
လောက်မှာ ပြန်လည်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ကစားသူနှစ်ဦးအချင်းချင်း
တိုက်ခိုက်ရတဲ့ Versus အက်ရှင်ဂိမ်းဖြစ်ပြီးတော့ အင်တာနက်မပါဘဲ ကစားလို့ရနိုင်မယ်
လို့ ှStudio Puppeteer က ဆိုပါတယ်။

အဓိကမိတ်ဆက်ခဲ့တဲ့ The Return (အပြန်လမ်း) မိုဘိုင်းဂိမ်းဟာ အက်ရှင် RPG အမျိုး
အစားဖြစ်ပြီး တက္ကသိုလ်ကိုပညာတော်သင် ထွက်ခွာသွားတဲ့ မင်းသားလေးတစ်ပါးက
ပြည်တော်ပြန်လာတဲ့အခါ ကျိန်စာသင့်ပြီး မိစ္ဆာတွေဖြစ်နေတဲ့ ကိုယ့်ရဲ့နန်းတော်ကို
ပြန်လည်ကယ်တင်ရမယ့် ဂိမ်းဖြစ်ပါတယ်။

ဘီတာစမ်းသပ်ဗားရှင်းဖြစ်တဲ့အတွက် ကစားသူတွေအနေနဲ့ အစောပိုင်းဂိမ်း level 
အနည်းငယ်ကိုသာ ကစားခွင့်ရဦးမှာဖြစ်ပြီး ဂိမ်းတစ်ခုလုံးကိုတော့ update တွေနဲ့
ဆက်လက်ထုတ်လုပ် ပြုပြင်သွားမှာပါ။ ဒါပေမဲ့ အခမဲ့ရယူနိုင်မယ့် ဒီဂိမ်းကို in-game
purchase စနစ်တော့ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒီဂိမ်းတွေအပြင် Virtual Reality (VR) နဲ့ Augmented Reality (AR) နည်းပညာတွေနဲ့
ပတ်သက်ပြီးတော့လည်း မိတ်ဆက်ပြသသွားတဲ့ Puppeteer စတူဒီယိုဟာ အနာဂတ်မှာ
မြန်မာစတိုင်ဂိမ်းတွေကို နည်းပညာသစ်တွေနဲ့ ပေါင်းစပ်ကာ နိုင်ငံတကာကို ဖြန့်ချိသွားမှာ
ဖြစ်တယ်လို့ ကိုဇင်မင်းဟိန်းက ဆိုပါတယ်။

အနောက်တိုင်းမှာလည်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ E3 ပွဲတော်တို့လို ဗီဒီယိုဂိမ်းအသားပေး
ပွဲတော်တွေရှိနေပြီး မြန်မာနိုင်ငံက ပြည်တွင်းဂိမ်းထုတ်လုပ်သူများကလည်း လာမယ့်နှစ်
တွေမှာ ပူးပေါင်းတင်ဆက်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ လက်ရှိမှာ
လက်တစ်ဖက်စာတောင် မပြည့်သေးတဲ့ ပြည်တွင်းဂိမ်းထုတ်လုပ်သူကဏ္ဍအတွက်
အသစ်ရောက်လာတဲ့ အဖွဲ့ဝင်တွေရဲ့ အောင်မြင်မှုကိုစောင့်ဆိုင်းကြည့်ရှုရဦးမှာဖြစ်
ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်