အူရီဒူးက အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

အူရီဒူးက အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

စီးပွားရေးလုပ်ငန်းအတွက် Session Initiation Protocal (SIP) ဖုန်းခေါ်ဆိုမှုများကို 
အကန့်အသတ်မရှိ တစ်ပြိုင်နက်တည်း ဖုန်းလက်ခံနိုင်မည့်ဝန်ဆောင်မှုကို စတင်
ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အူရီဒူးမြန်မာက ဇူလိုင် ၂၅ ရက်တွင် သတင်းထုတ်ပြန်
ထားသည်။

အဆိုပါဝန်ဆောင်မှုသည် ဖုန်းနံပါတ်တစ်ခုသို့ ဖုန်းအလုံးရေ အများအပြားဖြင့် တစ်ပြိုင်နက်
တည်း ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းလိုင်းတည်ငြိမ်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း
အဆက်အသွယ်ပြတ်တောက်မှုမရှိ ဖုန်းလက်ခံနိုင်ခြင်း၊ အထွက်ဖုန်းများ ခေါ်ဆိုနိုင်သည့်
ဝန်ဆောင်မှုဖြစ်သည်။

''ဒီ SIP Trunk ဝန်ဆောင်မှုကိုရယူထားတဲ့ လုပ်ငန်းတွေအနေနဲ့ တစ်ချိန်တည်း တစ်ပြိုင်
တည်း ဖုန်းအဝင်လက်ခံမှု၊ အထွက်ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဆောင်ရွက်ပေးနိုင်ပြီဖြစ်
တာကြောင့် သုံးစွဲသူဝန်ဆောင်မှု (Contact Center) လုပ်ငန်းရှင်များအတွက် အချိန်နှင့်
ကုန်ကျစရိတ်ကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်''ဟု
အူရီဒူးမြန်မာ၏ စီးပွားရေးအရာရှိချုပ် Mr. Anadi Agnihotri က ပြောသည်။

ယခင်က ဖုန်းအဝင်အများအပြားကို တစ်ပြိုင်နက်တည်း လက်ခံအသုံးပြုနိုင်ရန်
ANAlog ချိတ်ဆက်မှု (ပုံမှန်အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်တစ်ခုကို တစ်ခါခေါ်လျှင်
တစ်ကြိမ်သာ လက်ခံခေါ်ဆိုခွင်ရရှိသော) စနစ်ကို IP စနစ်ကို အခြေခံထားသည့်
PBX ဖြင့် ချိတ်ဆက်မှသာရပြီး ကုန်ကျစရိတ်များသည့် ဝန်ဆောင်မှုအစား SIP Trunk 
ဝန်ဆောင်မှုစနစ်သစ်ဖြင့် အစားထိုးပြောင်းလဲ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

ထိုဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သက်သာသော လစဉ်ဖုန်းလိုင်းအသုံးပြုခ၊ လစဉ်
ဖုန်းခေါ်ဆိုခနှုန်ထား၊ တစ်ပြိုင်တည်း အကန့်အသတ်မရှိ ဖုန်းလက်ခံနိုင်ခြင်း၊ ဖုန်းခေါ်ဆိုနိုင်
ခြင်းနှင့် သုံးစွဲသူစိတ်ကြိုက် အထူးပြုလုပ်ပေးထားသော လစဉ်သုံးဖုန်းဘေလ် စသည့်
ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

ခေါ်ဆိုသည့်ဖုန်းနံပါတ်ကို သိရှိနိုင်သည့် Caller ID ကုတ်နံပါတ်အတိုများ၊ လက်ခံဖြေကြား
နိုင်သော နောက်ဖုန်းတစ်လုံး၏နံပါတ်ကို လွှဲပေးနိုင်သည့် Call Forward ဝန်ဆောင်မှု
သီးသန့်နံပါတ်များ၊ ဦးစားပေးနံပါတ်၊ Multiple Trunk အပြန်အလှန် ချိတ်ဆက်နိုင်ခြင်း
စသည့် ဝန်ဆောင်မှုများကိုလည်း ထပ်မံပေးအပ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်