ကစားသူတွေကို ပြန်ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့ ပိုကီမွန်ဂိုး

ကစားသူတွေကို ပြန်ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့ ပိုကီမွန်ဂိုး

မနှစ်က ဒီလိုအချိန်မှာပဲ ပိုကီမွန်ဂိုးဂိမ်းကို မြန်မာနိုင်ငံမှာ စတင်ကစားနိုင်ခဲ့ပြီး အချိန်တို
အတွင်းမှာ ရန်ကုန်မြို့တစ်မြို့လုံး ပိုကီမွန်ဖမ်းသူတွေနဲ့ စည်ကားခဲ့ပါတယ်။

ဒါပေမဲ့ လအနည်းငယ်ကြာလာတဲ့အခါ ကစားသူဦးရေ သိသိသာသာလျော့ကျလာခဲ့ပြီး
၂ဝ၁၆ နှစ်ကုန်ပိုင်းမှာတော့ မရှိသလောက်ကို ဖြစ်သွားခဲ့ပါတယ်။

နင်တန်ဒိုးနဲ့ Niantic တို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Pokemon GO ဟာ မနှစ်က ကတိပေးခဲ့
တဲ့အတိုင်း ဒုတိယဗားရှင်းအဆင့်ကို ပြောင်းလဲ update ပြုလုပ်နေပြီဖြစ်ပြီး ကစားသူတွေ
ပူးပေါင်းဆော့ကစားရတဲ့ Raid စနစ် ပါဝင်လာပါပြီ။

Raid စနစ်မှာတော့ ကစားသူတွေဟာ Legendary Pokemon တစ်ကောင်ရောက်ရှိနေတဲ့
Gym ကို ဝိုင်းတိုက်ခိုက်ရမှာဖြစ်ပြီး အဖွဲ့တစ်ခုကို အယောက် ၂ဝ ထိ ပါဝင်နိုင်ပါတယ်။
နိုင်ခဲ့ရင် အထူးဆုတွေအပြင် အဆိုပါ ရှားပါးပိုကီမွန်ကိုပါ ဖမ်းဆီးနိုင်တဲ့ အခွင့်အရေး
ရမှာပါ။

အဆိုပါ Raid battle ကို ဆင်နွှဲဖို့အတွက် အနီးအနားက ပိုကီမွန်တွေကို ပြပေးတဲ့နေရာ
မှာပဲ ရှာဖွေတွေ့ရှိနိုင်ပြီး ဝင်ကစားဖို့ raid pass လက်မှတ်တွေကိုလည်း Gym တွေကနေ
တစ်နေ့ကိုတစ်ခါရရှိနိုင်မှာဖြစ်ပါတယ်။ မရရှိသေးရင်လည်း in-game purchase ကနေ ဝ
ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက Articuno ကို raid boss အဖြစ် ရင်ဆိုင်ခဲ့ကြရပြီး သြဂုတ်လအတွင်း
မှာတော့ မီးအမျိုးအစား Team Valor ရဲ့ ဒဏ္ဍာရီငှက် Moltres ကို လွှတ်ပေးမှာပါ။
ဒါကြောင့် ကစားသူတွေအနေနဲ့  Moltres ကို ဖမ်းနိုင်ဖို့ ကြိုးစား ကြရဦးမှာ ဖြစ်ပါတယ်။

ဇူလိုင် ၂၂၊ ၂၃ ရက် ဝန်းကျင်က ထွက်ရှိခဲ့တဲ့ update နဲ့ပတ်သက်ပြီး ယခုအချိန်ထိ
စွဲစွဲမြဲမြဲဆော့ကစားနေတဲ့ ကိုနေအောင်လတ်ကတော့ အခုလိုပြောင်းလဲမှုကြောင့် ကစား
သူတွေကိုပြန်ပြီး တက်ကြွလာစေနိုင်ပေမဲ Raid ကစားနိုင်တဲ့အချိန် တစ်ပတ်ကို တစ်ခါ၊
နှစ်ခါပဲ သိသာစေဦးမယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

ယခု Moltres ဟာ နှစ်ပတ်တာအချိန်အတွင်း ရင်ဆိုင်ဖမ်းဆီးနိုင်မှာဖြစ်ပြီး Legendary
ပိုကီမွန်သုံးကောင်ထဲမှာ လျှပ်စစ်အမျိုးအစားနဲ့ Team Instinct ရဲ့အမှတ်အသား Zapdos 
ကို နောက်မှာဆက်မြင်ရနိုင်ပါတယ်။ ပိုကီမွန်ပရိသတ်တွေ အကြိုက်ဆုံး ကာရိုက်တာတွေ
ဖြစ်တဲ့ Mew နဲ့ Mew Two တွေကိုလည်း ဒီဒဏ္ဍာရီငှက် ပိုကီမွန်သုံးကောင်အပြီးမှာ
ထွက်ရှိလာနိုင်တယ်လို့ ကိုနေအောင်လတ်က ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်