တစ်မိနစ် ကျပ် ၅ဝ ဖြင့် ပြည်ပ ခေါ်ဆိုနိုင်မည့် ပရိုမိုးရှင်း တယ်လီနောစတင်

တစ်မိနစ် ကျပ် ၅ဝ ဖြင့် ပြည်ပ ခေါ်ဆိုနိုင်မည့် ပရိုမိုးရှင်း တယ်လီနောစတင်

တယ်လီနောအသုံးပြုသူများသည် တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ 
တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျနှင့် ဟောင်ကောင်နိုင်ငံများသို့ တစ်မိနစ်လျှင် ကျပ် 
၅ဝ ဖြင့် ည ၁ဝ နာရီမှ နံနက် ရ နာရီအတွင်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း တယ်လီနော
မြန်မာက ယခုလ ၃ ရက် သတင်းထုတ်ပြန်သည်။

အာရှ-ပစိဖိတ်ဒေသ ရှစ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း
ကိုးနိုင်ငံကို အဆိုပါနှုန်းထားဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး Happy Hour ပရိုမိုးရှင်းအစီအစဉ်
အဖြစ် တယ်လီနော မြန်မာက ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

''ဒီအထူးပရိုမိုးရှင်းအစီအစဉ်ဟာ တကယ့်ကို ရိုးရှင်းလွယ်ကူပြီး အသုံးပြုသူတွေအနေနဲ့
လည်း ဒီအစီအစဉ်ကို စာရင်းထပ်မံပေးသွင်းဖို့ မလိုအပ်ဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သက်သာတဲ့ ပြည်ပဖုန်းခေါ်ဆိုမှုအစီအစဉ်တွေကိုလည်း ယခင်က မိတ်ဆက်ထားပြီးဖြစ်
ပါတယ်''ဟု တယ်လီနောမြန်မာ၊ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Mr. Joslin
Myrthong က ပြောသည်။

ထိုအစီအစဉ်ကို ကြိုတင်ငွေဖြည့်သုံးစွဲမှု (Prepaid) နှင့် အသုံးပြုပြီးမှ ငွေပေးသွင်းသုံးစွဲမှု
(Postpaid) နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် စင်ကာပူ
နိုင်ငံများသို့ ခေါ်ဆိုပါက ပုံမှန်နှုန်းထား တစ်မိနစ်လျှင် ကျပ် ၂ဝဝ၊ သြစတြေးလျ၊ ဟောင်
ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများသို့ ဆိုခေါ်ဆိုပါက ပုံမှန်နှုန်းထား
တစ်မိနစ်လျှင် ကျပ် ၄ဝဝ ကျသင့်မည်ဖြစ်သည်။

တယ်လီနောမြန်မာသည် ဇွန်လကစတင်၍ ထိုင်းနိုင်ငံရှိ dtac နှင့် မလေးရှားနိုင်ငံရှိ Digi 
သုံးစွဲသူများထံသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုပေးထားသည့်
အပြင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်သည့် မြန်မာနိုင်ငံသား
များအတွက် တစ်ကြိမ်စာရင်းပေးသွင်းခ ကျပ် ၅ဝဝ ဖြင့် ၂၄ နာရီကြာ အသုံးပြုနိုင်မည့်
အထူးဝန်ဆောင်မှုတစ်ခုကိုလည်း ဝန်ဆောင်ပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်